မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ ဇာတ်လမ်းတွေထဲ ပါမိလို့ နာမည်မတက်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲများ

//s9.kh1.co/3d/3d39c2f564c0f0a5281f88b1299b272da67f8377.jpeg
အနုပညာရှင်များ

 ၂၅-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ ဇာတ်လမ်းတွေထဲ ပါမိလို့ နာမည်မတက်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲများ

တောင်ကိုရီးယား သရုပ်ဆောင်လောကဟာ အတက်မြန်သလို အကျမြန်တဲ့ လောကကြီးဖြစ်ပါတယ်။ အမြဲတမ်းစောင့်ကြည့်နေကြတဲ့ မျက်လုံးတွေကြား အပြစ်လွတ်အောင် တတ်နိုင်သမျှ ဆင်ခြင်နေထိုင်ကြရပေမယ့် မပြောပလောက်တဲ့ ကိစ္စသေးသေးလေးကြောင့် နာမည်ကျဆင်းသွားခဲ့ရတာတွေလည်း ရှိပါတယ်။ အဲဒီထဲကမှ မအောင်မြင်တဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်မိခဲ့လို့ နာမည် ထင်သလာက် မရခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ၄ ယောက် အကြောင်းကို ဖော်ပြပေးသွားပါမယ်နော်။ 

1.  ပတ်ဘိုဂမ်း

Google
Google
Google 
Google 
Google 
Google 

ပတ်ဘိုဂမ်းလို့ပြောလိုက်တာနဲ့ကို မသိတဲ့သူ မရှိလောက်ပါဘူးနော်။ ပတ်ဘိုဂမ်းက နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Reply 1988 မှာ ပါဝင်ပြီးနောက်မှာ တစ်ဟုန်ထိုး အောင်မြင်ခဲ့ပါတယ်။ နောက်ထပ် ရိုက်ကူးခဲ့တဲ့ Love In The Moonlight ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်တွေရဲ့ အသိအမှတ် ပြုမှု များစွာ ရရှိခဲ့ပေမယ့် ဇာတ်လမ်းမကောင်းဘူးဆိုတဲ့ မှတ်ချက်တွေ ရရှိခဲ့ပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ ပတ်ဘိုဂမ်း နောက်ဆုံး ရိုက်ကူးထားတဲ့Encounter နဲ့ Record Of Youth ဇာတ်လမ်းတွေက တောင်ကိုရီးယားမှာ ထင်သလောက် လူကြိုက်မများခဲ့ပါဘူး။  ဒါကြောင့် ပတ်ဘိုဂမ်းက နာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့ မင်းသားတစ်လတ်ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ ထင်ထားသလောက် ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်း မခံရပါဘူး။ 

2.  ဟေးရီ

Google 
Google 
Google 
Google 

ပတ်ဘိုဂမ်းလိုပဲ တောင်ကိုရီးယားမင်းသမီး ဟေးရီဟာဆိုရင်လည်း Reply 1988 ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးပြီးအောင်မြင်မှုတွေ ရခဲ့တဲ့သူဖြစ်ပါတယ်။ စိတ်မကောင်းစရာကောင်းတာက ဟေးရီက Reply 1988 မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင် Duk Sun ပုံစံကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ 

Google 
Google 

ဒါကြောင့် ပရိသတ်တွေက သူမကိုဘယ်ဇာတ်လမ်းတွဲထဲမှာပဲ ဖြစ်ဖြစ် Duk Sun လို့ပဲ မြင်ကြပါတယ်။ ဟေးရီသရုပ်ဆောင်ခဲ့တဲ့ My Roommate Is A Gumiho ဇာတ်လမ်းတွဲက စီးပွားရေးအရ အောင် မြင်မှုတွေရရှိခဲ့ပေမယ့်လည်း သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးအာရုံစိုက်မှု သိပ်ပြီး မရရှိပါဘူး။ ဟေးရီက နောက်ဆုံးအနေနဲ့ Moonshine ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် SNS ပေါ်မှာ discussion rate သိပ်ပြီး မရရှိခဲ့ပါဘူး။ 

3.  ဆောင်းဟေကို 

Google 
Google 

တောင်ကိုရီးယာမင်းသမီး ဆောင်းဟေကိုဟာဆိုရင်လည်း သူမ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အောင်မြင်မှု ရရှိတဲ့သူဖြစ်ပါတယ်။ ဆောင်းဟေကိုဟာ Descendants of the Sun ဇာတ်လမ်းတွဲမှာ ကမ္ဘာနဲ့ချီတဲ့အောင်မြင်မှုတွေ ရရှိပြီးနောက်မှာ နောက်ထပ်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေက ထင်ထားသလောက် အောင်မြင်မှု မရရှိခဲ့ပြန်ပါဘူး။

Google 
Google 

Encounter ဇာတ်လမ်း ဟာဆိုရင်လည်း ဇာတ်ညွှန်းပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ၂ နှစ်အကြာမှ ရိုက်ကူးခဲ့တဲ့ We Are Breaking Up ဇာတ်လမ်းတွဲဟာဆိုရင်လည်း ထင်ထားသလောက် ကောင်းမွန်တဲ့rating တွေ မရရှိခဲ့ပါဘူး။ ဒါကြောင့် ဆောင်းဟေကိုရဲ့ နောက်ထွက် ဇာတ်လမ်းတွဲတွေဟာ ထင်ထားသလောက် လူတွေရဲ့ အာရုံစိုက်ခြင်းကို မခံခဲ့ရပါဘူး။ 

4.  ပတ်ရှင်ဟေး 

Google 
Google 

တောင်ကိုရီးယား မင်းသမီး ပတ်ရှင်ဟေးဟာ ဆိုရင်လည်း သက်သောင့်သက်သာ ဇာတ်ကောင်တွေထဲကနေ ရုန်းမထွက်နိုင်တဲ့သူဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ 

Google 
Google 

ပတ်ရှင်ဟေးက ရိုးသားတဲ့ ပုံစံလေးနဲ့ဇာတ်ကောင်နေရာကိုသာ သရုပ်ဆောင်တယ်ဆိုတာကြောင့် ဝေဖန်မှုတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် Memories of Alhambra နဲ့ Sisyphus: Mythology တို့လို ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်းဇာတ်လမ်းတွဲတွေက အောင်မြင်မှု ကြီးကြီးမားမား မရရှိခဲ့တာကြောင့် ထိတ်တန်းမင်းသမီး ပတ်ရှင်ဟေးရဲ့ နာမည်ဟာလည်း ငြိမ်သက်နေခဲ့ပါတယ်။ 

Google 
Google 

နာမည်ကြီးတွေ ဖြစ်ကြပေမယ့် မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့မိတာကြောင့် နာမည်တက်လာခြင်းမရှိခဲ့တဲ့ ဒိတ်ဒိတ်ကြဲ ၄ ယောက် အကြောင်းကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T