နာမည်ကြီး မင်းသမီး ဖြစ်နေတဲ့ ဖန်ခြေနင်းနဲ့ ယမင်းရွှေစင်ထဲဇာတ်ကားထဲက ကလေးသရုပ်ဆောင်လေး

//s9.kh1.co/94/9441a72e47be3dae488839e6a4b48f894d50136a.jpg
အနုပညာရှင်များ

 ၂၅-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နာမည်ကြီး မင်းသမီး ဖြစ်နေတဲ့ ဖန်ခြေနင်းနဲ့ယမင်းရွှေစင်ထဲက ကလေးသရုပ်ဆောင်လေး

ကလေး သရုပ်ဆောင်လေးတွေဆိုတာ ဇာတ်လမ်းတွဲတွေရဲ့ အဓိက သရုပ်ဆောင်တွေ ဖြစ်ကြပေမယ့် သူတို့တွေ အသက်ကြီးလာတဲ့ အခါမှာတော့ နာမည်ပျောက်သွားလေ့ရှိကြပါတယ်။ တချို့ကလေး သရုပ်ဆောင်လေးတွေကလည်း သရုပ်ဆောင် အလုပ်ကို တစ်စိုက်မတ်မတ် ဆက်ပြီး လုပ်ရင်းနဲ့ သူတို့ရဲ့ ရှိရင်းစွဲ နာမည်ကို ဆက်ပြီး ထိမ်းထားနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/08/087dc9191112500f1f1b6432de40a5818ce52940.jpg

ဒီအထဲမှာ တောင်ကိုရီးယား မင်းသမီး Park Eun Bin လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။Park Eun Bin ကို ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Park Eun Bin ဟာ အသက် ငယ်ငယ်လေးနဲ့ အနုပညာ လောကထဲကို ရောက်ရှိလာခဲ့တဲ့ သူဖြစ်ပြီး သူမ သရုပ်ဆောင် စပြီးလုပ်ခဲ့တဲ့ အသက်က ၅ နှစ်အရွယ်မှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=520,h=293,q=100/e4/e45872af62e23e22ea0e49301ef95b9aa51cf434.png

Park Eun Bin ဟာ ဖန်ရွှေနင်းနဲ့ယမင်းရွှေစင်လို့ လူသိများတဲ့ Glass Slippers ဇာတ်လမ်းထဲမှာလည်း ကလေး သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသလို The Legend နဲ့ Queen Seon Deok ဇာတ်လမ်းတွဲတွေမှာလည်း ကလေး သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/f0/f09dbbabb42d803b89ad20679c04333d2cf17dc6.png

အသက်ငယ်ပေမယ့် သရုပ်ဆောင် တော်လွန်းတာကြောင့် Park Eun Bin ရဲ့ သရုပ်ဆောင်ချက်တွေက တီဗီဖန်သားပြင်မှာပါ စွဲကျန်နေပြီး ပရိသတ်တွေ ရင်ထဲကို ရောက်ရှိစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/cd/cd89a779189e0b49dce077c6e84dbf75b4342bf2.png

Park Eun Bin က လက်ရှိမှာ ထိပ်ဆုံး မင်းသမီးတစ်လတ် မဖြစ်သေးဘူးဆိုပေမယ့်လည်း သူမရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် နေရာတစ်ခုကို ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=930,q=100/b6/b6cd6add8b74a046871c5fd57efcfe88ba605bb0.png

Park Eun Bin က The King’s Affection ဇာတ်လမ်းတွဲမှာ SF9 အဖွဲ့ဝင် Rowoon နဲ့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့ပါတယ်။Extraordinary Attorney Woo ဇာတ်လမ်းတွဲထဲမှာလည်း Park Eun Bin က ဝူယောင်းဝူလေးအဖြစ်နဲ့ ကမ္ဘာနဲ့ချီပြီး အောင်မြင်မှုတွေ တခဲနက် ရရှိထားပါတယ်။

https://s9.kh1.co/__image/w=540,h=556,q=100/b8/b810a97451b40f4edccfdff237f8a76807727206.png

ကလေးသရုပ်ဆောင်လေးတွေက အသက်ကြီးလာတဲ့ အချိန်မှာ အောင်မြင်မှုတွေ မတ်လောက်စရာ အများကြီး မရကြပေမယ့်လည်း Park Eun Bin ကတော့ ထူးခြားစွာနဲ့ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/dd/ddd7116c139103df1527b9dee93a8a79e640d815.png

တစ်ချိန်တစ်ခါက ဖန်ရွှေနင်းနဲ့ ယမင်းရွှေစင် ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေးကနေ အောင်မြင်မှုတွေ သိမ်းကြုံးရရှိထားတဲ့ မင်းသမီး Park Eun Bin ရဲ့ အကြောင်းကို စိတ်ဝင်စားစရာလေး ဖော်ပြပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T