ဟာသမင်းသားကြီး ညီဂျော် ခံစားနေရတဲ့ ဝေဒနာများကို သက်သာပျောက်ကင်းအောင် ကုသပေးခဲ့တဲ့ ထူးခန့်ကျော်

//s9.kh1.co/d8/d8bf5fc1bb262fb6b43018f8df89088c82138ea4.jpg
အနုပညာရှင်များ

 ၂၅-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

ဟာသမင်းသားကြီး ညီဂျော် ခံစားနေရတဲ့ ဝေဒနာများကို သက်သာပျောက်ကင်းအောင် ကုသပေးခဲ့တဲ့ ထူးခန့်ကျော်

အရိုးအကြောနဲ့သက်ဆိုင်တဲ့ ရောဂါဝေဒနာများကို သက်သာပျောက်ကင်းအောင် ကုသပေးနေတဲ့ သူကတော့ သဘာဝမင်းသားကြီးလို့ တင်စားခံရတဲ့ ထူးခန့်ကျော် ပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်ဟာ လူနာတွေအပေါ်မှာလည်း စေတနာ မေတ္တာထားပြီး နေ့ရာညပါ  ကုသနေတာကြောင့် ချစ်တဲ့ပြည်သူ့ပရိသတ်တွေကလည်း လေးစားချစ်ခင်နေရတာဖြစ်ပါတယ်။ ပြီးတော့ ဆေးကုသရာမှာလည်း ငွေကြေးတောင်းခံခြင်းမရှိဘဲ အခမဲ့ကုသပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

ထူးခန့်ကျော်ဆီမှာ ယုံယုံကြည်ကြည်နဲ့ လာရောက်ကုသတဲ့ ခုနှစ်ရက်သားသမီးများထဲမှာ ချစ်ခင်လေးစားရတဲ့ အနုပညာ မောင်နှမတွေလည်း ကုသကြတာတွေ့ရပါတယ်။ ဒါ့အပြင် ဆေးကုသပေးရင်း ရောဂါပျောက်ကင်းသွားသူတွေအတွက် ကြည်နူးဝမ်းမြောက်နေတဲ့ ထူးခန်းကျော်က ယခုမှာလည်း ကြည်နူးဝမ်းသာစရာလေးကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

ဒါကတော့ အာရုံကြောအားနည်းပြီး လက်တွေတုန်နေလို့ဆိုပြီး ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်ဟာသမင်းသားကြီးကိုညီဂျော်က ထူးခန့်ကျော်ဆီလာရောက်ကုသခဲ့တာဖြစ်ပါတယ်။ လာရောက်ကုသခဲ့ပြီး မကြာမီမှာပဲ ခံရတဲ့ ရောဂါဝေဒနာများ ပျောက်ကင်းသွားတယ်လို့ သိရပါတယ်။ ထူးခန့်ကျော်ရဲ့ လူမှုကွန်ယက်မှာတော့ " ကျွန်တော်ထံလာရောက်ကုသပြီး များမကြာခင်ကိုညီဂျော်တုန်နေသောလက်များဟာ သက်သာပျောက်ကင်းလာလို့ ကိုညီဂျော်မိသားစုကိုယ်စား အင်မတန်ဝမ်းသာပီတိဖြစ်ခဲ့ရတယ်"လို့ ဖော်ပြထားပါတယ်။ ခုနှစ်ရက်သားသမီးများရဲ့ရောဂါဝေဒနာများကို စိတ်ရောကိုယ်ပါး အရင်းခံပြီး စေတနာ ၊ မေတ္တာ နဲ့ ကုသပေးနေတဲ့ ထူးခန့်ကျော်ကို ဆုတောင်းမေတ္တာတွေ ပေးခဲ့ပါဦးနော် ။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

သတင်း အရင်းအမြစ် Source - Htoo Khant Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T