ခပ်မိုက်မိုက် ခန္ဓာကိုယ် ၊ ကြည်ပြာရွှန်းလဲ့နေတဲ့ မျက်ဝန်းတစ်စုံ ၊ မိမိုက်ခန့်ညားလွန်းပြီး ယောကျာ်းပီသတဲ့အသွင်အပြင်တွေနဲ့ တစ်ကမ္ဘာလုံးက အမျိုးသမီးတွေကိုသာမက အမျိုးသားတွေကိုပါ ကြွေကျပျော်ဆင်းစေနိုင်သူလို့ဆိုလာရင် စူပါမန်းမင်းသား Henry Cavill ကိုပဲဖော်ပြရမှာဖြစ်ပါတယ်။


Henry Cavill မှာ သိပ်ကို ချစ်ပြီး အလေးထားရတဲ့ တူလေးတစ်ဦးရှိပါတယ်။ တူ နဲ့ ဦးလေး ရဲ့ဆက်ဆံရေးဟာလည်း တကယ်ကို ပျော်ရွှင်စရာဆက်ဆံရေးဖြစ်နေပြီး တူဖြစ်သူ Thomas မှာ ခပ်မိုက်မိုက်ဦးလေးကို ပိုင်ဆိုင်ထားရတာကြောင့် သူ့အနေနဲ့ ဦးလေးဖြစ်သူ Henry Cavill အတွက် အမြဲတမ်းဂုဏ်ယူဝင့်ကြွားလေ့ရှိပါတယ်။


အခုအခါမှာလည်း တူဖြစ်သူ Thomas က သူ့ရဲ့ကျောင်းမှာ သူ့ဦးလေး ဟာ စူပါမန်း ဆိုပြီး ပြောလေ့ရှိတယ်လို့ သိရပါတယ်။ သို့ပေမယ့် သူက စူပါမန်းမင်းသားလို့မပြောတဲ့အတွက် ဆရာမတွေအပါအဝင် တစ်ကျောင်းလုံးက လျှောက်ပြောနေခဲ့တယ်လို့ထင်ပြီး အိမ်အထိတိုင်ခဲ့တယ်လို့ သိရပါတယ်။ Thomas ရဲ့ အမေဖြစ်သူ က Henry ကို ပြောပြလိုက်တဲ့အခါမှာ Henry က ခပ်မိုက်မိုက်ဦးလေးပီသစွာပဲ သူ့တူကို ကျောင်းကိုလက်ဆွဲပြီးလိုက်ပို့ခဲ့ပြီး Thomas လေး ဘာဆိုလိုချင်မှန်းကို တစ်ကျောင်းလုံးနဲ့အတူ ဆရာမတွေပါ သိသွားတော့တယ်လို့ဆိုပါတယ်။








