ကလေးအဖေဖြစ်သွားတာကြောင့် ပရိသတ်တွေရဲ့ အဖက်လုပ်ခြင်းကိုမခံခဲ့ရတဲ့ Exo အဖွဲ့ဝင် Chen

//s9.kh1.co/f8/f83a47326b2ac4e71ab23f8b4d15e1462fcff8e5.jpeg
အနုပညာရှင်များ

 ၂၃-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

ကလေးအဖေဖြစ်သွားတာကြောင့် ပရိသတ်တွေရဲ့ အဖက်လုပ်ခြင်းကိုမခံခဲ့ရတဲ့ Exo အဖွဲ့ဝင် Chen

Exo အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chen ဟာဆိုရင် 'SM Town Live' အစီအစဉ်မှာ ပရိသတ်တွေရဲ့ အဖက်လုပ်ခြင်းကို မခံခဲ့ရပါဘူး။ 'SM Town Live' ကို ၅ နှစ်တာကာလအတွင်းမှာ ပထမဦးဆုံးအနေနဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 'SMTOWN Live 2022: SMCU Express @Human City Suwon' ကို Suwon ကမ္ဘာ့ဖလား အားကစားကွင်း မှာ ကျင်းပပြုလုပ်ခဲ့ပြီး နာမည်ကြီး တောင်ကိုရီးယားအဆိုတော်အဖွဲ့တွေဖြစ်တဲ့ TVXQ ၊ Super Junior၊  Girls' Generation ၊ SHINee ၊  EXO ၊ Red Velvet ၊ NCT နဲ့ Aespa တို့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ 

Google
Google
Google
Google

စတိတ်ရှိုးစင်မြင့်မှာ Exo အဖွဲ့ဝင်တွေ ဖျော်ဖြေခဲ့စဉ်မှာ ပရိသတ်တွေရဲ့ မမျှမတ ဆက်ဆံမှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ ပရိသတ်တွေက Exo အဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Chen သီဆိုဖျော်ဖြေနေတဲ့အချိန်မှာ lightsticks တွေကို တစ်ချိန်လုံးပိတ်ပြီး စိမ်းကားတဲ့ ပုံစံမျိုး ပြသခဲ့ပါတယ်။ Chen ရဲ့ ဖျော်ဖြေမှုပြီးတဲ့နောက် D.O ပြန်လည်ဖျော်ဖြေတဲ့အချိန်မှာ lightsticks တွေကို ပြန်ပြီးဖွင့်ခဲ့ကြပါတယ်။ ပရိသတ်တွေ Exo အဖွဲ့ဝင်Chen အ ပေါ် ခွဲခြားဆက်ဆံမှုဟာ ပြင်းထန်လွန်းတာကြောင့် အဆိုပါ ပွဲနဲ့ပတ်သတ်ပြီး netizen တွေရဲ့ မှတ်ချက်တွေ အများကြီးရရှိထားပါတယ်။ 

Google
Google
Google
Google

 “Lightstick တွေကို ပိတ်လိုက်တာ ကောင်းတယ် ။”

“ဟုတ်တယ် .. ငါဆိုရင်လည်း အဲဒီလိုပဲလုပ်မှာ ..”

“ငါ ပရိသတ်တွေရဲ့ ခံစားချက်တွေကို နားလည်တယ်”“Chen က ပရိသတ်တွေကို အချိန်အကြာကြီး လျို့ဝှက်ထားပြီး ပြန်ပေးလိုက်တဲ့ လက်ဆောင်ကြီးက မင်္ဂလာသတင်းဆိုတော့ ရင်ထဲကိုအောင့်နေတာပဲ ..”

Google
Google

“Chen ကို  အခုလိုလုပ်ကြတာ မင်္ဂလာပွဲကိစ္စ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ExoL တွေပဲသိတဲ့ အခြားအကြောင်းတွေရှိပါတယ်။” စတဲ့ မှတ်ချက်တွေ အများကြီးပေးထားကြပါတယ်။ 

Google
Google

ဘယ်လိုပဲဆိုစေကာမူ အဖွဲ့ဝင် Chen အပေါ် ခွဲခြားဆက်ဆံခဲ့တဲ့ တောင်ကိုရီးယား ExoL တွေရဲ့ လုပ်ရပ်ကတော့ ပြင်းထန်လွန်းတယ်လို့ ထင်မိပါတယ်နော်။ ကဲ .. ပရိသတ်ကြီးရော ဘယ်လိုထင်လဲ ဖြေပေးခဲ့ကြပါဦး။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T