K Drama တွေနဲ့ ရင်းနှီးတဲ့သူတော်တော်များများသိကြတဲ့ တောင်ကိုရီးယားမင်းသမီးချော Park Min Yong က High Kick ဇာတ်လမ်းတွေကနေတစ်ဆင့် ပရိသတ်ရင်ထဲမှာ နေရာယူထားနိုင်သူလည်းဖြစ်ပါတယ်။

Healer၊ What's Wrong with Secretary Kim၊ Her Private Life စတဲ့ ဇာတ်လမ်းတွေကလည်း သူအောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ကားတွေလည်း ဖြစ်ပါတယ်။

Park Min Young က လတ်တလောမှာတော့ သူမရဲ့ လက်ရှိအခြေအနေကို ပရိသတ်တွေကို ထုတ်ဖော်ပြသ လိုက်ပါတယ်။

သြဂုတ်လ 8 ရက်နေ့က Park Min Young က "J.ESTINA x MINYOUNG" ဆိုတဲ့ Caption လေးနဲ့အတူ သူမရဲ့ Instagram မှာ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။

တင်ထားတဲ့ ဓာတ်ပုံထဲမှာ Park Min Young က ပန်းရောင်ဂါဝန်လေးဝတ်ပြီး အညိုရောင်ဆံပင်လေးနဲ့ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်တွေကို ပြသခဲ့ပါတယ်။

Park Min Young က အရင်ကထက်စာရင် ကိုယ်အလေးချိန် ပိုကျလာပြီး မျက်နှာလေးကလည်း တဖြည်ဖြည်းနဲ့ သေးသွားပြီး Jaw Line (မေးရိုး) တွေတောင် ငေါထွက်နေပြီပဲ ဖြစ်ပါတယ်။

Park Min Young ပါဝင်ထားတဲ့ tvN ဒရာမာအသစ်ဖြစ်တဲ့ “MonWedFriTuesThursSat” ကို 2022 ခုနှစ် ဒုတိယနှစ်ဝက်လောက်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။





