ငွေကြေးလိမ်လည်မှုစွဲချက်နဲ့ ထိုင်းနာမည်ကြီး မင်းသမီး အဖမ်းခံရ

//s9.kh1.co/89/89edca2c2ee10bd66f1d896933b6571e7b34b4e0.jpeg
အနုပညာရှင်များ

 ၂၀-သြ-၂၀၂၂ ၇pm · လွန်ခဲ့သော ၃ နှစ် က

ငွေကြေးလိမ်လည်မှုစွဲချက်နဲ့ ထိုင်းနာမည်ကြီး မင်းသမီး အဖမ်းခံရ

ထိုင်းနာမည်ကြီး မင်းသမီးတစ်လတ်ဖြစ်တဲ့ Sawika Chaiyadech ဟာဆိုရင် ငွေကြေးလိမ်လည်မှုနဲ့ ပတ်သတ်ပြီးအဖမ်းခံထားရတယ်လို့ သိရပါတယ်။ Sawika Chaiyadech က အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်ပြီး ထိုင်းနာမည်ကြီး ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Koom Nang Kruan ၊ Khum Sab Lum Kong နဲ့ Reuan Rom Ngiw စတဲ့ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ သူဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

Sawika Chaiyadech အပါအဝင် လူ ၁၉ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်က ငွေကြေးလိမ်လည်မှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Sawika Chaiyadech စွပ်စွဲခံရတဲ့ အမှုအတွက် အာမခံ တင်သွင်းခွင့်ကိုလည်း ထိုင်းအာဏာပိုင်တွေက လက်ခံမပေးဘူးလို့ သိရပါတယ်။ 

Google
Google
Google
Google
Google
Google

Sawika Chaiyadech  ဟာ ဘတ်သန်းချီတဲ့ ငွေကြေးလိမ်လည်မှု အစီအစဉ်ဖြစ်တဲ့ Ponzi အစီအစဉ် မှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ Ponzi အစီအစဉ်ဟာ လူတွေကို ရင်းနှီးမြုပ်နှံလာစေဖို့အတွက်သွေးဆောင် ဖျားယောင်းပြီး အမြတ်ငွေ ၆၀ က နေ ၈၀ ရာခိုင်နှုန်းအထိ ရရှိမယ်လို့ မတ်လုံးပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ 

Google
Google

ရင်းနှီး မြုပ်နှံသူတွေဟာ အမြတ်ငွေ တစ်ပြားတစ်ချပ်မှ ပြန်လည်မရရှိခဲ့တာကြောင့် အလိမ်အညာအစီအစဉ်အဖြစ် တရားစွဲဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ မင်းသမီး Sawika Chaiyadech ဟာအာမခံမရရှိသေးဘဲ အဖမ်းခံထားရပါတယ်။ 

Google
Google
Google
Google

သရုပ်ဆောင် အကောင်းဆုံး ဗီလိန်အဖြစ်  လူသိများတဲ့ မင်းသမီး Sawika Chaiyadech  ဟာ ခင်ပွန်းဖြစ်သူနဲ့လည်း ၂၀၁၇ ခုနှစ်က ကွာရှင်းခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ 

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T