ချစ်သူသက်တမ်း ၁၀ နှစ်ကျော်တွဲခဲ့ပြီး လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ ထိုင်းမင်းသမီး Prang Kanarat နဲ့ Tong Twopee

//s9.kh1.co/6f/6f81733929bb47caf5c8bccdfe3490f48159dba2.jpg
အနုပညာရှင်များ

 ၁၈-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

New York ထိတောင်သွားပြီး လက်ထပ်ခွင့်တောင်းခဲ့တာကို .. ဖူးစာမပါရင် လက်ထပ်ခွင့်တောင်းခံရလည်း ပြတ်သွားကြတာပါပဲ...?

လူတိုင်းအားကျခဲ့ရတဲ့ အတွဲလေးဖြစ်တဲ့ လူငယ်အဆိုတော် “Tong 2 P” နဲ့ ထိုင်းမင်းသမီးချော “Prang – Kannarun Wongkajonklai” တို့ဟာ ချစ်သူသက်တမ်း (၁၀)နှစ်ကျော်လောက် လက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ Tong နဲ့ Prang တွဲလာခဲ့တဲ့ (၁၀) နှစ်တာ အတွင်းမှာလည်း အခက်အခဲတွေ ပြသနာတွေ ရှိခဲ့တာကြောင့် ၂ ကြိမ်လောက်တော့ လမ်းခွဲ့ခဲ့ကြပေမယ့် မနှစ်က 23.11.2021 မှာ Tong က Prang ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page

Tong ရဲ့ မွေးနေ့ကို New York မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ကျင်းပခဲ့ကြပြီး အဲ့နေရာမှာပဲ Tong က ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။ Prang လည်း "Yes" ဆိုပြီး လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။ လှပတဲ့ နေရာမှာ လက်ထပ်ခွင့် တောင်းခံရတာမို့ ပရိသတ်တွေကလည်း အားကျနေသလို တွဲလာတာလည်း နှစ်တွေအရမ်းကြာနေကြပြီမို့ မင်္ဂလာသတင်းလေးကို နားစွင့်နေကြတာ ဖြစ်ပါတယ်။

Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page

ဒါပေမယ့် လတ်ရှိမှာ စိတ်မကောင်းစရာကြားရတဲ့ သတင်းကတော့ Tong နဲ့ Prang လမ်းခွဲလိုက်ကြပြီဆိုတာပဲ ဖြစ်ပါတယ်။ IGမှာ စုံတွဲပုံလည်း မတင်တော့သလို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် like တွေလည်း မပေးဖြစ်ကြတာ ၃လလောက်ရှိနေပါပြီ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတကယ်ပဲ အဆုံးသတ်သွားကြပြီလားဆိုတာတော့ ကာယကံရှင်တွေ ကိုယ်တိုင်က ဖြေရှင်းထားတာတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း တကယ်ပြတ်သွားတာ သေချာတယ်လို့ သတင်းတွေ က အသေအချာကို ထွက်နေပါတယ်။

Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page
Photo Credit : Thai Cele Fan's Page

သတင်း အရင်းအမြစ် Thai Cele Fan's Page

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T