တောင်ကိုရီးယားမင်းသား ဟွန်ဘင်းဟာဆိုရင် ဆွန်ရီဂျင်းနဲ့လက်ထပ်ပြီးတဲ့နောက်မှာ ပထမဦးဆုံးအကြိမ် တီဗီဖန်သားပြင်ထက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့တုန်းက ဟွန်ဘင်းပါဝင်သရုပ်ဆောင်ထားတဲ့ Confidential Assignment 2: International ဇာတ်လမ်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟွန်ဘင်းက လက်ထပ်ပြီးနောက် ခံစားချက်ကို ပထမဦးဆုံးအကြိမ် ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

နာမည်ကြီး သရုပ်ဆောင် စုံတွဲလေးဖြစ်တဲ့ ဆွန်ရီဂျင်း နဲ့ ဟွန်ဘင်းတို့စုံတွဲလေးက မတ်လ ၃၁ ရက်နေ့ ၂၀၂၂ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့လက်ရှိမှာ ပထမဦးဆုံး ရင်သွေးလေးကို လွယ်ထားရပြီပဲဖြစ်ပါတယ်။ လက်ထပ်ပြီးတဲ့နောက် ခံစားချက်ကို ဟွန်ဘင်း အခုလိုမျိုး ပြောလာခဲ့ပါတယ်။

ဟွန်ဘင်းက လက်ထပ်ပြီးနောက်မှာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကြောင့် ပြောင်းလဲသွားတာ အများကြီး မရှိကြောင်း လက်ရှိမှာ Confidential Assignment ဇာတ်လမ်းကို ရိုက်ကူးနေကြာင်း ပိုပြီး အချစ်ခံရဖို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။ ဟွန်ဘင်းက လက်ထပ်ပြီးနောက်နဲ့ လက်မထပ်ခင် အချိန်က ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိဘဲ ပရောဂျက်တွေအားလုံး ပုံမှန်အတိုင်း လည်ပတ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟွန်ဘင်းက ပရိသတ်တွေရဲ့ တုံ့ပြန်မှုနဲ့ ပတ်သတ်ပြီး အာရုံအရမ်းစိုက်ကြောင်း အခု ဇာတ်လမ်းတွဲမှာ အများကြီး ကြိုးစားထားကြောင့် ဒါကြောင့် ကြည့်ပေးဖို့အတွက် မျှော်လင့်မိကြောင်း ဆိုထားပါတယ်။

Confidential Assignment 2: International ဇာတ်လမ်းက ဟွန်ဘင်းလက်ထပ်ပြီးနောက်မှာ ပထမဦးဆုံး ထွက်ရှိလာတဲ့ ဇာတ်လမ်းဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေ များစွာ ပါဝင်သရုပ်ဆောင်ထားတာကြောင့် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။






