မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ K-drama တွေဖြစ်ကြတဲ့ “Eve”၊ “Dr.Lawyer” နဲ့ “Why Her” တို့လို ဇာတ်ကားတွေက ကြည့်နေရင်းနဲ့ကို လောင်နေရပြီး Romantic ဆန်တဲ့ဇာတ်ဝင်ခန်းတွေက မပါဝင်သလောက်ပါပဲ.. ဒါကြောင့် K-drama ချစ်သူတွေအတွက် စောင်ကိုက်ပြီးကြည့်ရမယ့် Romantic ဇာတ်ကားလေးတွေကို ပြန်လည်စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။
So I Married An Anti-fan

SNSD အဖွဲ့ဝင် Sooyoung နဲ့ မင်းသား Choi Tae Joon တို့ပါဝင်ထားတဲ့ “So I Married An Anti-fan” ဒရာမာထဲမှာတော့ Choi Tae Joon က ထိပ်တန်း Kpop အနုပညာရှင် Hoo Joon အဖြစ် သရုပ်ဆောင်ထားပြီး Sooyoung က သတင်းထောက် Lee Geun Young အဖြစ် သရုပ်ဆောင်ထားပါတယ်။ Hoo Joon ရဲ့ “anti-fan” ဖြစ်ပေမယ့်လည်း Geun Young က သူနဲ့နေဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ခံစားချက်တွေ ထွက်ပေါ်ခဲ့တာပါ။
Imitation

“Imitation” မှာတော့ “Tea Party” ထဲက Kpop idol နဲ့ ထိပ်တန်းအနုပညာရှင်တို့ဖြစ်ကြတဲ့ Kwon Ryuk တို့ကြားမှာရှိတဲ့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။
Miracle

K-drama “Miracle” မှာတော့ မင်းသမီး Kang Min Ah နဲ့ Kpop အဖွဲ့ SF9 အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Hwiyoung နဲ့ Chani တို့ပါဝင်ထားကြတာပါ။ ဇာတ်လမ်းတွဲထဲမှာတော့ Kang Min Ah က သူမရဲ့ စိတ်ကူးအိပ်မက်ကို စွန့်လွှတ်ကာ content creator ဖြစ်လာခဲ့တဲ့ Lee Soo Rin အဖြစ် သရုပ်ဆောင်ထားတာပါ။
Beauty Inside

ဇာတ်လမ်းတွဲထဲမှာတော့ မင်သားSeo Do Jae နဲ့ မင်းသမီး Seo Hyun-jin တို့ပါဝင်ထားတာဖြစ်ပြီး Seo Hyun-jin က တစ်ပတ်ကိုတစ်ခါလောက် ရုပ်ပြောင်းသွားတဲ့ နာမည်ကျော် မင်းသမီး Seo Hyun Jin နေရာကနေ သရုပ်ဆောင်ထားတာပါ။ မင်းသား Seo Do Jae (Lee Min Ki) ကလည်း လူတွေရဲ့မျက်နှာကို မှတ်မိဖို့ အဟန့်အတားဖြစ်စေတဲ့ prosopagnosia ရောဂါလက္ခဏာကို ခံစားနေရပါတယ်။ သူတို့နှစ်ဦးဟာ သူတို့ရဲ့ စိန်ခေါ်မှုတွေကို မျှဝေခံစားလိုက်တဲ့နောက်မှာ ပိုကောင်းတဲ့လူဖြစ်လာကြကို Romance ဆန်ဆန်လေး ရိုက်ကူးထားတာပါ။
Shooting Stars

“Shooting Stars” ထဲမှာတော့ Gong Tae Sung က နာမည်ကြီးတဲ့ စူပါစတားတစ်ဦးဖြစ်ပြီး Oh Han Byul ကတော့ သူရဲ့ကုမ္ပဏီရဲ့ PR ဌာနမှာ အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အတိတ်ကရန်ပွဲကြောင့် ရန်ငြိုးဖွဲ့ခဲ့ကြပေမယ့်လည်း မကြာခင်မှာ အချိုမြိန်ဆုံးသော အတွဲလေးတွေဖြစ်သွားခဲ့ကြပါတယ်။





