Single Mother တွေကို သနားတဲ့မျက်လုံးနဲ့ မကြည့်စေချင်ဘူးဆိုတဲ့ မင်းသမီး ဆန်းမီ

//s9.kh1.co/59/59d888854854e0a9ba0faae250989b8c995fa87e.jpg
အနုပညာရှင်များ

 ၁၅-သြ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

Single Mother တွေကို သနားတဲ့မျက်လုံးနဲ့ မကြည့်စေချင်ဘူးဆိုတဲ့ မင်းသမီး Park Chae-rim

တောင်ကိုရီးယားမင်းသမီး Park Chae-rim ဟာဆိုရင် ဆည်းဆာ ရင်ခုန်သံ ဇာတ်လမ်းတွဲမှာ ဆန်းမီအဖြစ်နဲ့ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Park Chae-rim ဟာ တောင်ကိုရီးယား နိုင်ငံမှာ အောင်မြင်မှုတွေ ရရှိတဲ့ မင်းသမီးဖြစ်ရုံသာမက တရုတ်ပြည်မှာ လည်း တော်တော်လေး နာမည်ကြီးတဲ့သူလို့ ဆိုရမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=725,q=100/a9/a91a7c8c238ddf211b149a7b9a0d5681fe4b91f3.jpg

၂၀၀၀ ခုနှစ်တွေမှာ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး မင်းသမီးအဖြစ် ရပ်တည်ခဲ့တဲ့ Park Chae-rim ဟာတရုတ်ပြည်မှာလည်း ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးခဲ့တဲ့သူဖြစ်ပါတယ်။ Park Chae-rim ကို တရုတ်ဇာတ်လမ်းတွဲတွေ တော်တော်များများထဲမှာတွေ့ခဲ့ရလို့ သူမကို တရုတ်မင်းသမီးလားလို့တောင် အထင်မှားခဲ့တဲ့ သူတွေ ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=585,q=100/93/93a0d18b4a9872afd755c688ee0a66906a81d5af.jpg

Park Chae-rim ဟာ ခင်ပွန်းဖြစ်သူ Lee Seung Hwan နဲ့ ကွာရှင်းပြီးနောက်မှာ တရုတ်မင်းသား Jiame Gao နဲ့ချစ်ကြိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။  လက်ထပ်ပြီး ၆ နှစ်အကြာမှာ Chae-rim က ခင်ပွန်းဖြစ်သူ Jiame Gao နဲ့ ကွာရှင်း ခဲ့ပြီး ၂၀၁၈ ခုနှစ် မှာ သားလေးMinyu နဲ့အတူ အမိမြေ တောင်ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=740,q=100/bf/bfd352921a0fba34c6cb1c034b306ab5fec18e28.jpg

တောင်ကိုရီးယားကို ပြန်ရောက်ပြီးနောက်မှာလည်း Chae-rim  က နောက်ထပ် အိမ်ထောင် ထပ်ပြုခြင်း မပြုလုပ်ဘဲ Single Mother အဖြစ်နဲ့ပဲ ဘဝကြီးကို ရပ်တည်လျက်ရှိပါတယ်။ Chae-rim   က သားဖြစ်သူကို အပြည့်အဝစောင့်ရှောက်ဖို့အတွက် အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်ပြီး လုပ်ဆောင်ခြင်းမရှိတော့ပါဘူး။ 

https://s9.kh1.co/__image/w=650,h=510,q=100/f0/f0c7a8c59ae52f046633ed03fd97f10f8ec59a8b.jpg

Chae-rim  ဟာဆိုရင် Single Mother အဖြစ် ရပ်တည် နေရပေမယ် ဘယ်သူ့ဆီကမှ သနားညှာတာမှုကို မလိုချင်ကြောင်း ဆိုပါတယ်။   ယောကျာ်း မရှိ ဘဲ ကလေး ထိန်းနေတဲ့ အမျိုးသမီး တွေ ဆိုရင် ပတ်ဝန်းကျင်က သနားကြတဲ့ မျက်လုံးတွေနဲ့ ကြည့်လေ့ကြည့်ထ ရှိပေမယ့် Chae-rim က အဲဒီ မျက်လုံးတွေကို မုန်းတယ်လို့ ဆိုပါတယ်။ 

https://s9.kh1.co/__image/w=650,h=785,q=100/cd/cde26e617bfa5610a5cbb9548954f69178d96d4c.jpg

ပရိသတ်တွေဆီကနေ သနားညှာတာမှု မလိုချင်တဲ့ အကြောင်း အရင်းက Chae-rim   က သူမ သားလေးရဲ့ အမြင်မှာ သူမကို သန်မာတဲ့ မိခင်တစ်ယောက်အနေနဲ့ မြင်စေချင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=395,h=550,q=100/a7/a71c1c88181d492eb12b18e92671501924979042.jpg

Chae-rim   ရဲ့သားလေး က အသက် ၅ နှစ် ရှိသွား ပေ မယ့်လည်း ဖခင်ရဲ့ မျက်နှာကို မမြင်ဖူးဘူးလို့ သိရပါတယ်။ သားဖြစ် သူလေး အသက် ၃ နှစ်အရွယ်တုန်းကဆိုရင် ဖခင်ရှိလို့ ရှိမှန်းတောင် မသိဘူးလို့ Chae-rim ကဆိုပါတယ်။  သားလေးနဲ့ အပြင်လျှောက်လည်တိုင်းမှာ အခြားကလေးတွေရဲ့ အဖေတွေကို လိုက်ငေးကြည့်နေတဲ့ Minyu ကို မြင်ရင် သူမအနေနဲ့လည်း နာကျင်ခံစားရတယ်လို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=520,h=472,q=100/7f/7fea6738486a47dc6aea974fa7cfcdbac1f5d7e1.jpg

တောင်ကိုရီးယားမင်းသမီး Chae-rim လက်ရှိမှာ အသက် ၄၃ နှစ်အရွယ်ရှိ နေပြီဖြစ်ပြီး အရွယ်နဲ့ မလိုက်အောင်လှပနုပျိုနေတုန်းပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Chae-rim  ကို အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီမှာ ပြန်လည် တွေ့မြင်ကြရဖို့ စောင့်မျှော်နေကြပါတယ်။ 

Source – Asiawiki

Image – Google

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T