ကိုရီးယားမှာ ကျောင်းသွားတက်မယ့်သူတိုင်း သိရမယ့ထူးဆန်းတဲ့အချက်တွေ...

//s9.kh1.co/ee/eedcfc341a5c9c7638ae5cc1afd24bbd2db98a6c.jpg
အနုပညာရှင်များ

 ၁၅-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုရီးယားရှိ ပညာရေးစနစ်ဟာ စနေနေ့အထိ တရားဝင်ကျောင်းတက်ရတာ..

ကမ္ဘာပေါ်ရှိ ပညာရေးအကောင်းဆုံးနိုင်ငံတွေစာရင်းမှာ အမြဲတမ်းပါဝင်နေပေမယ့်လည်း ကိုးရီးယားကျောင်းတွေမှာ ထူးဆန်းတဲ့ စည်းမျဉ်းများစွာရှိတာတွေ့ရပါတယ်။ ကိုရီးယားကို လူတွေက တွေးတဲ့အခါ အာရှရဲ့ ဂုဏ်ယူစရာ ယဉ်ကျေးပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုလို့ တွေးကြပေမယ့် အဲ့ဒီထူးခြားတိုးတက်မှုရဲ့ နောက်ကွယ်မှာ လူငယ်များရဲ့ မမောမပန်းကြိုးစားအားထုတ်မှုများ ရှိနေပါတယ်။

https://s9.kh1.co/__image/w=564,h=560,q=100/96/96a47b6124fb84510d7e9b6e1a0245d871020ec2.jpg

ကိုရီးယားရှိ ပညာရေးစနစ်ဟာ စနေနေ့အထိ တရားဝင်ကျောင်းတက်ရတာ ကဲ့သို့သော ထူးခြားတဲ့ကန့်သတ်ချက်များကြောင့် ကျော်ကြားပြီး ဆရာမတွေဟာလည်း 5 နှစ်တစ်ကြိမ် အခြားကျောင်းသို့ ပြောင်းရွှေ့ရလေ့ရှိပါတယ်။ နောက်ပြီး ကိုရီယားမှာ စီနီယာ-ဂျူနီယာ ချိတ်ဆက်မှုက အလွန်အရေးကြီးပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/09/09342902323bf9c397e340ba4707b3b598a03cf7.png

၁။ အထက်တန်းကျောင်းသားများသည် တစ်နေ့လျှင် အနည်းဆုံး 16 နာရီ စာကျက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2e/2e2a15e9a8f41db3878514ba10f99585672d3482.webp

ကိုရီးယားမှာ အလယ်တန်းကျောင်းသားများဟာ အပိုသင်ခန်းစာများအပါအဝင် တစ်နေ့ကို ၁၆ နာရီအထိ လေ့လာရပြီး အထက်တန်းကျောင်းသားများဟာ နံနက် ၈ နာရီမှာ စကာ ည ၉နာရီခွဲ ၁၀ နာရီလောက်ထိ စာသင်ကြားရပါတယ်။ တက္ကသိုလ်ဝင်ခွင့်စမတိုင်မီ ကျောင်းသားများဟာ 'hagwons' လို့ခေါ်တဲ့ ပြန်လည်ပြင်ဆင်မှုအတန်းများမှာ ၂ နာရီမှ ၃ နာရီအထိ ဆက်တက်ရလေ့ရှိပြီး ကျောင်းသားအများစုဟာ ကောင်းမွန်တဲ့ ကျောင်းသို့ တက်နိုင်ဖို့ ညဥ့်နက်တဲ့အထိ သင်ခန်းစာများကို သင်ယူနေကြရတာတွေ့ရပါတယ်။

၂။ စနေနေ့တွင် ကျောင်းသွားရပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/66/66eb89e11916bd0d0ba024461179eb8d4448825b.jpg

နိုင်ငံအများအပြားရှိ ကျောင်းများဟာ သောကြာနေ့အထိပဲ တက်ရပေမယ့် ကိုရီးယားမှာတော့ ကျောင်းအားလုံးကို စနေနေ့အထိ ဖွင့်ထားတာကြောင့် ကျောင်းသားများနှင့် ဆရာများကို ပိတ်ရက်မရှိဖြစ်စေပါတယ်။ ဒါပေမယ့်လည်း 2010 ခုနှစ်မှာ ကိုရီးယားအစိုးရမှ ကျောင်းသားများကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းပေးတဲ့အနေနဲ့ အစိုးရကျောင်းမှ ကျောင်းသားများအား တစ်လလျှင် စနေနေ့ နှစ်ကြိမ်သာ စာသင်ခွင့်ပြုဖို့ သဘောတူညီပေးခဲ့ပါတယ်။

၃။ ဆရာများဟာ အရေးကြီးဆုံးအခန်းမှ ပါဝင်နေတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2b/2b7e48da5d17ae1b93924c0ee141b5bbf99511c1.webp

ကိုရီးယားလူမျိုးများဟာ ပညာရေးကို အလွန်တန်ဖိုးထားတာကြောင့် ဆရာ၊ဆရာမများဟာ လူ့အဖွဲ့အစည်းအတွင်း အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်နေပြီး ဆရာများရဲ့ လစာဟာအရမ်းကြီးမကောင်းပေမယ့်လည်း ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးဖြစ်ပါတယ်။ ဆရာတစ်ဦးရဲ့ အငြိမ်းစားယူနိုင်တဲ့ အသက်ဟာ ၆၅ နှစ်ဖြစ်ပြီး အတွေ့အကြုံရှိဆရာများဟာ လစာနဲ့ အကျိုးခံစားခွင့်များ ပိုမိုရရှိကာ တစ်ပတ်လျှင် နာရီများစွာ အလုပ်လုပ်ဖို့ မလိုအပ်ပါဘူး။

၄။ ကောလိပ်ဝင်ခွင့်စာမေးပွဲ

https://s9.kh1.co/__image/w=650,h=366,q=100/5e/5ef0dd6d1e7a5fd77ca624e830a0b49d64a23fb5.jpg

12 နှစ်ကြာအောင်လေ့လာပြီးနောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဟာ ကိုရီးယားကျောင်းသားတစ်ဦးအတွက် အရေးကြီးဆုံးပွဲဖြစ်လာပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရန်မှာ ကိုရီးယားကျောင်းသားများက အလယ်တန်းကျောင်းသားဘဝကတည်းကပင် စောစောထပြီး နောက်ကျမှအိပ်ကာ စာကျက်ဖို့ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပါတယ်။ အသက် 18နှစ်ရောက်တဲ့အခါ ကျောင်းသားများဟာ ကြီးမားတဲ့ဖိအားကို ဖြတ်သန်းရမှာဖြစ်ပြီး ဒီလိုဖိအားပေးမှုတွေကြောင့် ကိုရီးယားဟာ မိမိကိုယ်ကို သတ်သေမှုအများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

၅။ 'စီနီယာ-ဂျူနီယာ ဆက်ဆံရေးသည် အလွန်အရေးကြီးသည်။

https://s9.kh1.co/__image/w=650,h=366,q=100/86/8605319a5781b4f4956771ffe8fbba0ba2ecae49.jpg

ကိုရီးယားနိုင်ငံဟာ အမူအကျင့်နှင့် စီနီယာ-ဂျူနီယာ အပြန်အလှန်ဆက်ဆံမှုအပေါ် အလွန်တန်ဖိုးထားသောနိုင်ငံဖြစ်ပါတယ်။ ဂျူနီယာတိုင်းနီးပါးဟာ ကျင့်ဝတ်သိက္ခာကို လေ့ကျင့်ရန် စီနီယာများအတွက် ကြင်ကြင်နာနာအလုပ်များကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ စီနီယာကျောင်းသားအသစ်နဲ့ တွေ့ဆုံမည်ဆိုပါက မိမိကိုယ်ကို သေချာစွာ မိတ်ဆက်ပြီး ချက်ချင်း ဦးညွှတ်ရမှာဖြစ်ပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T