သရုပ်ဆောင် မြတ်သူသူဟာဆိုရင် MRTV – 4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင် အရမ်းတော်ပြီး ထိမိတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပွဲဦးထွက်လာကတည်းက မြတ်သူသူကို အားပေးတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။ မြတ်သူသူက သရုပ်ဆောင်တော်ရုံသာမက အသံအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေကိုလည်း သီဆိုတတ်ပါသေးပါတယ်။



ဒီကနေ့မှာ မြတ်သူသူက သူမကို တုန်နေအောင်ချစ်တဲ့ ချစ်သူလေးရဲ့ ပုံကို အလင်းပြပြီး အချစ်ခံရတဲ့ အကြောင်းလေးကို ကြွားလာခဲ့ပါတယ်။

မြတ်သူသူရဲ့ ချစ်သူကောင်လေးက မြတ်သူသူရဲ့ ပုံလေးတွေကို ဖုန်းလေးတွေအားလုံးမှာ Wallpaper ထားပြီး ဘဝတစ်ခုလုံးကို နေရာယူထားနိုင်သော အမျိုးသမီးလေးဆိုပြီး တင်ပေးလာတာဖြစ်ပါတယ်။

မြတ်သူသူက သူမချစ်ရတဲ့ ချစ်သူကို ဓာတ်ပုံနဲ့တကွ ပုံလေးတွေ တင်ပေးလာပြီး ပရိသတ်တွေကို အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။ ချစ်သူရဲ့ ချစ်တတ်မှုကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ သရုပ်ဆောင် မြတ်သူသူရဲ့ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။