တေးသီချင်းကောင်းများစွာကို အနှစ်သာရရှိရှိ ၊ အရသာရှိလှစွာ ဖန်တီးပုံဖော်တတ်သူ ၊ ထူးခြားတဲ့အသံနဲ့သီဆိုတတ်သူ အနုပညာရှင်သမားစစ်စစ်လို့ ဆိုလာရင်တော့ တေးသံရှင် အနုပညာရှင် အဆိုတော် ထူးအိမ်သင် ခေါ် ကိုငှက်ကိုပဲဖော်ပြရမှာပါ။
ဂီတလောကရဲ့ ရှေ့ဆောင်လမ်းပြ ဆရာတစ်ဆူလို့တင်စားခေါ်ရလောက်အောင် ထူးချွန်လွန်းတဲ့ အဆိုတော် ထူးအိမ်သင် ရဲ့ သီချင်းတွေဟာ ကောင်းမွန်ပြီး အနှစ်သာရရှိလွန်းတာကြောင့် တစ်ခေတ်တစ်ခါမှာသာမက အခုခေတ် လူငယ်တွေကြားမှာပါ ရေပန်းစားကျော်ကြားလျက်ရှိနေဆဲပဲဖြစ်ပါတယ်။
ဒီကနေ့ ဟာ အဆိုတော် ထူးအိမ်သင် ခေါ် ကိုငှက် ရဲ့ ကွယ်လွန်ခြင်း (၁၈)နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ပါတယ်။ လူ့လောကမှာမရှိတော့တဲ့ သီချင်းငှက်ကလေး ချစ်ခြင်းတရားနဲ့ဉာဏ်ပညာ အားဖြင့် အမြဲရှင်သန်ထွန်းလင်းတောက်ပနေပါစေလို့ ဆုတောင်းရင်း ကိုငှက် ကွယ်လွန်ခြင်း (၁၈)နှစ်ပြည့်အတွက်ရေးသားဖော်ပြလိုက်ရပါတယ်။