နာမည်ကျော်မင်းသမီးကြီး Michelle Yeoh ဟာ ကယ်လီဖိုးနီးယားမှာ ဩဂုတ်လ ၁၃ ရက် စနေနေ့မှာ ကျင်းပသည့် ရုပ်ရှင်ကျောင်းရဲ့ ၂၀၂၂ ခုနှစ် သင်တန်းဖွင့်ပွဲ အခမ်းအနားမှာ အမေရိကန်ရုပ်ရှင်အင်စတီကျုမှ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် အနုပညာပါရဂူဘွဲ့ ( honorary Doctorate of Fine Arts Degree)ဆုကို ရရှိခဲ့ပါတယ်။ ဒီလိုရရှိတာဟာ အာရှမှာပထမဆုံးရရှိတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။


မလေးရှား သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Michelle Yeoh ဟာ ဟောင်ကောင်ရုပ်ရှင်တွေထဲကနေ ဘဝစတင်ခဲ့ပြီးနောက် နိုင်ငံတကာက ရုပ်ရှင်လောကအထိပါ ခြေဆန့်နိုင်ငံပြီး အောင်မြင်မှုတွေရရှိလာခဲ့တာ ဖြစ်ပါတယ်။ ယခုဆိုရင် သူမဟာ အနုပညာလောက်မှာ ကျင်လည်ခဲ့တာ ဆိုရင် နှစ်ပေါင်း ၄၀ နီးပါးလောက်ရှိခဲ့ပြီဖြစ်ပါတယ်။


သူမ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်များမှာ Tomorrow Never Dies ၊ Crouching Tiger, Hidden Dragon အပါအဝင် Memoirs of a Geisha ၊ Crazy Rich Asians ၊ Shang-Chi and the Legend of Ten Rings တိုပဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်ကား တွေမှာ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲ့နက် အားပေးမှုကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - Asia World