Song Joong Ki မတိုင်ခင်ကတည်းက Song Hye Kyo ပေါ်မှာ ခံစားချက်တွေရှိခဲ့ဖူးတယ်ဆိုတဲ့ Jin Goo

//s9.kh1.co/5f/5f37fd560a3001bb3849a1675d56fb599121bba1.webp
အနုပညာရှင်များ

 ၁၃-သြ-၂၀၂၂ ၉pm · လွန်ခဲ့သော ၂ နှစ် က

Unnie တို့က စွံချက်ပဲ.. ယောကျာ်းထုကြီးရဲ့ အသည်းနှလုံးတွေကို ဖမ်းစားထားနိုင်သော

Jin Goo ဟာ သူ့ရဲ့အင်တာဗျူးတွေမှာ Song Hye Kyo နဲ့ ပတ်သက်ပြီး မကြာခဏပြောလေ့ရှိတာကြောင့် Netizens တွေက အံ့အားသင့်နေကြတာပါ။ Song Hye Kyo ဟာ ဒီအနုပညာလမ်းမှာ လျှောက်လှမ်းလာခဲ့တာ နှစ်20 လောက်ရှိသလို အောင်မြင်မှုတွေလည်း ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အထူးသဖြင့် Song Joong Ki နဲ့ ကွာရှင်းပြီးနောက်မှာလည်း သူမရဲ့အောင်မြင်မှုက ကျသွားတာမျိုးလည်းမရှိခဲ့ပါဘူး ။

Photo Credit : KBIZoom
Photo Credit : KBIZoom

မကြာသေးမီက အင်တာနက်သုံးစွဲသူတွေက Jin Goo ရဲ့ ပို့စ်အဟောင်းတွေကို မထင်မှတ်ဘဲ တူးဖော်တွေ့ရှိခဲ့ပြီး Song Hye Kyo အတွက် Jin Goo ရဲ့ ခံစားချက်တွေကို သံသယဖြစ်နေတာပါ။ အတိအကျပြောရရင် 2016 ခုနှစ်မှာတော့ မင်းသားက “ပွင့်ပွင့်လင်းလင်းပြောရရင် Song Hye Kyo က ကျွန်တော်လေးစားရတဲ့ ကြယ်တစ်ပွင့်ပါ။ သူမနဲ့ “All In” ရုပ်ရှင်ရိုက်တုန်းက အခက်အခဲတွေ တစ်ခါမှ မရှိခဲ့ဖူးဘူး။ သူနဲ့အတူ ကင်မရာရှေ့မှာ အတူတူအလုပ်လုပ်ရတာ ဂုဏ်ယူပါတယ်” ဆိုပြီးပြောခဲ့တာပါ။

Photo Credit : KBIZoom
Photo Credit : KBIZoom

မင်းသားက သူ့ရဲ့ သရုပ်ဆောင်နိုင်စွမ်းရည်က ပိုပြီး ပြောင်မြောက်ပြီး Song Hye Kyo နဲ့ တွဲဖက်သရုပ်ဆောင်ချိန်မှာ စိတ်ရှုပ်စရာ မရှိဘူးလို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်မင်းသမီး Song Hye Kyo ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

Photo Credit : KBIZoom
Photo Credit : KBIZoom

ထို့အပြင် အခြားသော သတင်းစာမျက်နှာတစ်ခုမှာလည်း Jin Goo က Song Hye Kyo နဲ့ ပတ်သက်ပြီး "Song Hye Kyo က အရမ်းငယ်သေးပေမယ့် သူက ကျွန်တော့်ရဲ့စီနီယာလည်းဖြစ်ပြီး အရမ်းတော်တဲ့ မင်းသမီးတစ်ယောက်ပါ။ သူနဲ့ လက်တွဲအလုပ်လုပ်ရတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ”

Photo Credit : KBIZoom
Photo Credit : KBIZoom

အခြားသတင်းစာမျက်နှာတစ်ခုမှာလည်း Jin Goo က Song Hye Kyo ကို "ပွင့်ပွင့်လင်းလင်းပြောရရင် သူမက စိတ်သဘောထားကောင်းပြီး နှိမ့်ချ ကြင်နာတတ်တဲ့သူပါ"၊ "ငါတို့အတူတူ ပျော်ပွဲစားထွက်ခဲ့ကြပြီး အမှတ်တရဟောင်းတွေအကြောင်းတွေးရင်း ပျော်ရွှင်စရာတွေကို ခံစားရပါတယ်။ ”

Photo Credit : KBIZoom
Photo Credit : KBIZoom

Jin Goo ရဲ့ အတိတ်က Interview တွေမှာ Song Hye Kyo ကို အဆက်မပြတ်ပြောပြပေးနေပြီး အခုလိုပြောနေတာလည်း Attention ရှာနေတယ်လို့ တချို့ပရိသတ်တွေကလည်း ဝေဖန်ပြောဆိုကြပါတယ်။ ဒါပေမယ့် “Descendants of the Sun” မှာ Song Hye Kyo နဲ့ တူတူတွဲပြီး သရုပ်ဆောင်ပြီးနောက်မှာ အခုလိုဖော်ပြမှုတွေရှိခဲ့တာလို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

Photo Credit : KBIZoom
Photo Credit : KBIZoom

သတင်း အရင်းအမြစ်KBIZoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T