မကြာသေးမီကမင်းသမီး Song Hye Kyo က သူမရဲ့ လက်ရှိပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ဩဂုတ်လ 13 ရက်နေ့ မနက်မှာ Song Hye Kyo က သူမရဲ့ Instagram Story မှာ “Thank you~ Team Moon Dong Eun” ဆိုတဲ့ စာတန်းလေးရေးပြီး တင်ထားခဲ့တာပါ။

တင်ထားတဲ့ ဓာတ်ပုံထဲမှာ Song Hye Kyo က ဝန်ထမ်းတွေ ပြင်ဆင်တဲ့ ပွဲတစ်ခုမှာ ကိတ်မုန့်လေးကိုင်ပြီး ပျော်ရွှင်စွာရပ်နေတဲ့ ပုံလေးပါ။ ဆွဲဆောင်မှုအရှိဆုံးကတော့ မင်းသမီးဟာ ဒဏ္ဍာရီပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလို လှလှပပလေး ပြင်ဆင်ထားပေမယ့် သူမဝတ်ထားတဲ့ လက်ဝတ်လက်စားတွေက အရုပ်လေးတွေနဲ့ လုပ်ထားတဲ့ Fancy လေးကို ဝတ်ဆင်ထားပါတယ်။ Han So Hee နဲ့ SNSD တို့တုန်းကလည်း အခုလို စျေးပေါတဲ့ ဆွဲကြိုးလေးတွေ ဆွဲခဲ့ပေမယ့် လူအများကြားမှာ အာရုံစိုက်မှုကို ရခဲ့ပြီး အဆိုပါ ဆွဲကြိုးလေးတွေလည်း ရောင်းထွက်သွားခဲ့ပါတယ်။

Song Hye Kyo က လက်ရှိမှာတော့ “Descendants of The Sun” ဇာတ်ညွှန်းရေးဆရာ Kim Eun Sook နဲ့ အသစ်ထွက်ရှိမယ့် “The Glory” ရုပ်ရှင်မှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ “The Glory” က မူကြိုကျောင်းတစ်ခုမှာ အနိုင်ကျင့်ခံရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အနိုင်ကျင့်မှုတွေကို ပြန်ကလဲ့စားချေမယ့် ဆရာမအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ KBIZoom