မော်ဒယ် ၊ သရုပ်ဆောင် စူးရှထက်ဟာဆိုရင် ချေမောလှပတဲ့ မျက်နှာနဲ့ လှပကျစ်လစ်တဲ့ ကောက်ကြောင်းပုံစံကြောင့် ပုရိသတွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။


သူမဟာ တစ်ချိန်က အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိမှာ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်နေပြီပဲ ဖြစ်ပါတယ်။ စူးရှထက်က သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲတမ်း ဝေမျှပေးလေ့ရှိတဲ့သူဖြစ်ပြီး အခုတစ်ခေါက်မှာလည်း ဘဝ နဲ့ သက်ဆိုင်တဲ့ ဗီဒီယိုလေးကို အခုလို ဝေမျှပေးလာခဲ့ပါတယ်။

“ရသမျှပိုက်ဆံအကုန်သိမ်းတဲ့ ကျွန်မကို
ဒီလိုလေးလုပ်ပေးတော့ အံသြနေတာ
ကိုဘယ်ကပိုက်ဆံရလို့လဲလို့မေးတော့
သူသုံးဖို့ပြန်ပေးတဲ့ပိုက်ဆံကိုစုထားတာတဲ့ ?
ဒီထက်မကလုပ်ပေးချင်တာတဲ့ ?
ပျော်လွန်းလို့ငိုမိတယ် ဘာလို့လဲဆိုတော့
အရမ်းအချစ်ခံရလို့လေ

အမြဲအတူရှိတယ် ကိုယ်မကြိုက်တာဆိုဘာမှမလုပ်ဘူး
အဓိက အချစ်ဆိုတာ ငွေနဲ့ဝယ်လို့မရပါ
ငွေနဲ့ဝယ်လို့ရတဲ့ အချစ်ဟာလဲ မတည်မြဲပါဘူး
ရှိတူမရှိသူအတူနေလာပေးလို့ ဒါဟာကျွန်မရဲ့
ရလဒ်ရဲ့ ကုသိုလ်ကံပါပဲ?
ဝိုင်းဝန်းကူညီပေးကြတဲ့ စူးညီမလေးနဲ့အတူ
သူငယ်ချင်းတွေအားလုံးကိုရော
သူငယ်ချင်းရဲ့ မာမီရောကျေးဇူးတင်ပါတယ်နော်?”


အခုတစ်ခေါက် ဗီဒီယိုလေးထဲမှာ စူးရှထက်က သူမရဲ့ကောင်လေးကို အလင်းပြလိုက်ပြီး မကြာခင်မှာ လက်ထပ်တော့မယ်ဆိုတာကို အသိပေးလိုက်တာပဲဖြစ်ပါတယ်။ ကောင်လေးဆီကနေ လက်ထပ်ခွင့် တောင်းခံရတဲ့ စူးရှထက်ရဲ့ကြည်နူးစရာ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။







