BTS အပေါ် စွဲလမ်းမှုတွေကြောင့် အိန္ဒိယက မိဘတွေစိတ်မချမ်းမသာဖြစ်နေရ...

//s9.kh1.co/a5/a5eb657ccb36f1747971b33754e64326ba4e661a.jpg
အနုပညာရှင်များ

 ၁၂-သြ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

BTS အက ကကွက်ကို လေ့လာဖို့ ပမာဏများစွာကို ပေးခဲ့ပြီး

ARMY များဟာ BTS နဲ့ သူ့ရဲ့ ပရောဂျက်များအတွက် စေတနာနှင့် ပံ့ပိုးမှုများစွာကို ပြသခဲ့ကြပါတယ်။ လေဆိပ်တွေမှာ လူစုလူဝေးဖြစ်ခြင်းမှ အကာအကွယ်ပေးတာကစပြီး၊ အင်တာဗျူးတွေမှာ သူတို့ရဲ့စကားတွေ အထင်လွဲခံရတဲ့အခါ၊ လူမျိုးရေးအရ ခွဲခြားခံရတာအဆုံး သူတို့ရဲ့ BTS အဖွဲ့ဝင်တွေ ကြုံတွေ့ရတဲ့ ပြဿနာတွေကို  အဖွဲ့လိုက်တစိုက်မတ်မတ် အကာအကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချစ်က ထိစပ်နေတဲ့ စွဲလမ်းမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသောအခါမှာတော့-­­

https://s9.kh1.co/__image/w=650,h=346,q=100/02/020e008fdbe01aebc6a11ead7e312562b09b36a1.webp

အိန္ဒိယနိုင်ငံ၊ Ahmedabad မှာ BTS စွဲလမ်းမှုတွေရဲ့ 70% ခန့်ဟာ အမျိုးသမီးတွေ ဖြစ်တာကြောင့် စိတ်ပညာရှင်များထံမှ အကြံဉာဏ်နှင့် ဝင်ရောက်စွက်ဖက်မှု လိုအပ်နေတဲ့ ကျောင်းသူတွေ ပိုများလာနိုင်ကြောင်း သိရပါတယ်။ Shalby ဆေးရုံမှ စိတ်ရောဂါအထူးကု ဒေါက်တာ Kalrav Mistry က သူတို့ဆီမှာ တစ်ပတ်ကို BTS စွဲလမ်းမှု 5 ခုကနေ 7 ခုခန့်ရှိကြောင်း ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/44/44f4da64921265c99e6793c8efb03231090a3a7b.webp

ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက BTS အက ကကွက်ကို လေ့လာဖို့ ပမာဏများစွာကို ပေးခဲ့ပြီး သူ့ကိုအဲ့ဒီအကြောင်း မေးမြန်းခဲ့ရာ ဒေါသတကြီးနဲ့ သူ့ရဲ့ လက်ပ်တော့ပ်ကို ရိုက်ခွဲခဲ့ပါတယ်။ အသက် 14 နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ BTS ကို အလွန်အမင်း စွဲလန်းနေတာကြောင့် သူမဟာ အစာစားတာနဲ့ အိပ်တာတို့ကို ကောင်းစွာ မလုပ်နိုင်တော့ဘဲ BTSရဲ့ သီချင်းတွေကို သူ့ရဲ့ လက်ပ်တော့နဲ့ရော ဖုန်းနဲ့ပါ နာရီပေါင်းများစွာ နားထောင်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/f1/f1f024903b17885bced69aee6014ed42099f5bbf.webp

မိဘများကတော့ သူတို့ကလေးတွေရဲ့ BTS နဲ့ ဆက်နွယ်မှုကို အနီးကပ် စောင့်ကြည့်လေ့လာနေကြပြီး ကျောင်းတော်တော်များများမှာတော့ ကျောင်းသားတွေရဲ့ BTS စွဲလမ်းမှုကို ဖြေရှင်းနိုင်ဖို့ အချိန်ပြည့် စိတ်ပညာရှင်တွေကို ခန့်အပ်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/ac/ac234b2d05a624ae021636146cb5ea9a8ba5f38b.jpg

SG Highway အနီးရှိ လူသိများတဲ့ ကျောင်းတစ်ကျောင်းမှ စိတ်ပညာရှင် ဒေါက်တာ Ajab Primuswala ကတော့ BTS စွဲလမ်းမှုအကြောင်းနဲ့ ပတ်သတ်ပြီး “အခုဆို ကိုရီးယား ကေပေါ့ဂီတအဖွဲ့တွေ တိုးပွားလာတာက ကလေးတွေကို ထိခိုက်စေပါတယ်။ မကြာသေးမီက တီးဝိုင်းဟာ နံနက် ၄ နာရီမှာ တိုက်ရိုက်ဖျော်ဖြေခဲ့ပြီး ဖျော်ဖြေပွဲကို အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုဖို့ ကလေးတွေက အစောကြီးထနေကြတာတွေ့ရပါတယ်။” လို့ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=569,q=100/4e/4e7aa5555368cc9d353b5e58e9d218db949b36f5.png

ဆရာဝန်များကတော့ ကလေးများရဲ့ အင်တာနက် လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ဖို့နဲ့ အပြုအမူ ပြောင်းလဲမှုများကို သတိထားဖို့ မိဘများကို အကြံပြုထားပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T