ကာကွယ်ရေးဝန်ကြီး Lee Jong-sup နဲ့ စစ်ဘက် လူအင်အား စီမံခန့်ခွဲရေး ဒါရိုက်တာ Lee Ki-sik တို့က BTS ရဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ ရှုထောင့်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။

သြဂုတ် ၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးကော်မတီရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ စစ်ဘက်ဆိုင်ရာ လူအင်အားစီမံခန့်ခွဲရေး အကြီးအကဲ Lee Ki-sik ကို Rep. Sung Il-jong က “အမျိုးသားရေးအရ BTS ကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပေးဖို့ စဉ်းစားပြီးပြီလား။" လို့မေးမြန်းရာမှာ သူက "ကျွန်တော်တို့ဟာ ကဏ္ဍပေါင်းစုံကနေ အခြေအနေကို ပြန်လည်သုံးသပ်နေပါတယ်" လို့ ပြောကြားပြီး "လောလောဆယ်မှာ၊ အလုံးစုံ အစားထိုးဝန်ဆောင်မှုပေးဖို့ကို ကြည့်နေပါတယ်" လို့ ဖြေခဲ့ပါတယ်။

ါနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး Lee Jong-sup က သူတို့အနေနဲ့ "တရားမျှတမှု၊ သာတူညီမျှမှုနှင့် စစ်မှုထမ်းအရင်းအမြစ်များ လျှော့ချရေးစတဲ့ အခြေခံပြဿနာများကို မထိဘဲ ခွင့်ပြုထားတဲ့ နယ်ပယ်အတွင်း အခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု" ကို အာရုံစိုက်ရှာဖွေနေကြောင်းလည်း အလေးပေးပြောကြားခဲ့ပေမယ့် ကေပေါ့ပ်လောကကလူတွေကို စစ်မှုထမ်းခြင်းဆိုင်ရာ ခြွင်းချက်ပေးဖို့ ဆွေးနွေးမှုနှင့်ပတ်သက်ပြီးတော့ အလွန်သတိထားခဲ့တာတွေ့ရပါတယ်။

၀န်ကြီး Lee က “ BTS မှာ စစ်မှုထမ်းဖို့အချိန်ဇယားရှိမယ်ဆိုရင် နိုင်ငံရပ်ခြားမှာ လေ့ကျင့်ပြီး အတူဖျော်ဖြေဖို့ အခွင့်အလမ်းရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ထပ်လောင်းပြောကြားပြီး “လူတွေက စစ်မှုထမ်းခြင်းကို အရမ်းတန်ဖိုးထားတဲ့အတွက် သူတို့ရဲ့ အသိအမှတ်ပြုမှုအဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်။”စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်၏ဂုဏ်သိက္ခာနဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ကူညီကြနေတဲ့ အနုပညာနှင့် အားကစားကျွမ်းကျင်သူများဟာ စစ်မှုထမ်းမယ့်အစား အနုပညာနှင့် အားကစား ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်နိုင်ပါတယ်။

ဒါပေမယ့် လက်ရှိဥပဒေအရ ပေါ့ပ်ယဉ်ကျေးမှုနှင့် အနုပညာဝန်ထမ်းများကတော့ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်မရှိနိုင်ပါဘူး။အထူးသဖြင့် BTS ဟာ US Grammy နဲ့ Billboard Awards တို့မှာ တောင်ကိုရီးယားနိုင်ငံအတွက် ပထမဆုံး စံချိန်များစွာကို မှတ်တမ်းတင်နိုင်ခဲ့ရုံသာမက နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တာနဲ့ ကုလစင်မြင့်မှာ အရပ်ဘက်သံတမန်တစ်ဦးအဖြစ်ပါ ပါဝင်ခဲ့တဲ့အထိ အောင်မြင်ခဲပါတယ်။

BTS ဟာ 2030 Busan World Expo အတွက် ချစ်ကြည်ရေးသံတမန်အဖြစ်လည်း ပါဝင်မှာဖြစ်ပြီး အဆိုပါပွဲကို ပရိုမိုးရှင်းလုပ်ဖို့ ဦးဆောင်သွားမှာလည်းဖြစ်ပါတယ်။





