တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် အသက် ၄၀ ကျော် အရွယ်ဖြစ်နေပေမယ့် ငယ်ရွယ်နုပျိုနေဆဲ ပုံရိပ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။ Song Hye Kyo က မကြာသေးမီအချိန်ကလည်း The Glory ဇာတ်လမ်းတွဲထဲမှာ သူမထက် အသက် ၉ နှစ်ငယ်တဲ့ ပြိုင်ဘက် မင်းသမီး Lim Ji Yeon နဲ့ ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ အသက် ၉ နှစ်ပိုငယ်တဲ့ သရုပ်ဆောင်လေးတွေနဲ့ ယှဉ်ပြိုင်ရိုက်ကူးရမယ့်အပေါ် မမ Song Hye Kyo တစ်ယောက် ယှဉ်ပြိုင်နိုင်ပါ့မလားဆိုပြီး မေးခွန်းတွေ ထုတ်ထားကြပါတယ်။ မမ Song Hye Kyo နဲ့ အပြိုင်ဇာတ်ကောင်အထိ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Lim Ji Yeon က Obsessed ဇာတ်လမ်းနဲ့ နာမည်ကြီးလာခဲ့တဲ့သူဖြစ်ပြီး သရုပ်ဆောင် အရမ်းတော်တဲ့ မင်းသမီး ဖြစ်ပါတယ်။



Lim Ji Yeon ဟာဆိုရင် Song Hye Kyo လောက် နာမည် မကြီးပေမယ့် High Society ၊ The Royal Gambler ၊ Blow Breeze ၊ Welcome 2 Life နဲ့ Money Heist: Korea – Joint Economic Area စတဲ့ ဇာတ်လမ်းတွဲတွေ တော်တော်များများမှာ ပါဝင်ရိုက်ကူးထားတဲ့သူဖြစ်ပါတယ်။



Lim Ji Yeon က ဇာတ်ကောင်တိုင်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး ဖြစ်ပြီး ငယ်ရွယ်တဲ့ ရုပ်အခံလေး ရှိတာကြောင့် The Glory ထဲမှာ Song Hye Kyo ထက်ပိုပြီး နာမည်ကြီးသွားနိုင်မလားဆိုပြီး ခန့်မှန်းထားကြပါတယ်။



ပြိုင်ဘက် မင်းသမီး နှစ်လတ်ထဲမှာ ဘယ်သူပိုပြီး နာမည်ကြီးလာမလဲဆိုတာကိုတော့ အပိုင်း ၈ ပိုင်းသာရှိတဲ့ The Glory ဇာတ်လမ်းထွက်လာမှပဲ သေချာ သိရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ရော .. မင်းသမီး နှစ်လတ်မှာ ဘယ်သူ ပိုပြီး နာမည်ကြီးသွားနိုင်လဲဆိုတာ ဖြေကြည့်ပေးသွားပါဦးနော် .. အက်မင်ကတော့ မမ ဆောင်းလို့ပဲ သေချာပေါက် ယုံကြည်ပါတယ်။






