နာမည်ကြီး မင်းသမီး ဖြစ်နေတဲ့ ဖန်ခြေနင်းနဲ့ယမင်းရွှေစင်ထဲက ကလေးသရုပ်ဆောင်လေး

//s9.kh1.co/af/af4b71456768e3a46719812b4c310228861df640.jpg
အနုပညာရှင်များ

 ၁၁-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

နာမည်ကြီး မင်းသမီး ဖြစ်နေတဲ့ ဖန်ခြေနင်းနဲ့ယမင်းရွှေစင်ထဲက ကလေးသရုပ်ဆောင်လေး

ကလေး သရုပ်ဆောင်လေးတွေဆိုတာ ဇာတ်လမ်းတွဲတွေရဲ့ အဓိက သရုပ်ဆောင်တွေ ဖြစ်ကြပေမယ့် သူတို့တွေ အသက်ကြီးလာတဲ့ အခါမှာတော့ နာမည်ပျောက်သွားလေ့ရှိကြပါတယ်။ တချို့ကလေး သရုပ်ဆောင်လေးတွေကလည်း သရုပ်ဆောင် အလုပ်ကို တစ်စိုက်မတ်မတ် ဆက်ပြီး လုပ်ရင်းနဲ့ သူတို့ရဲ့ ရှိရင်းစွဲ နာမည်ကို ဆက်ပြီး ထိမ်းထားနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ တောင်ကိုရီးယား မင်းသမီး Park Eun Bin လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

Google
Google

Park Eun Bin ကို ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Park Eun Bin ဟာ အသက် ငယ်ငယ်လေးနဲ့ အနုပညာ လောကထဲကို ရောက်ရှိလာခဲ့တဲ့ သူဖြစ်ပြီး သူမ သရုပ်ဆောင် စပြီးလုပ်ခဲ့တဲ့ အသက်က ၅ နှစ်အရွယ်မှာ ဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

Park Eun Bin ဟာ ဖန်ရွှေနင်းနဲ့ယမင်းရွှေစင်လို့ လူသိများတဲ့ Glass Slippers ဇာတ်လမ်းထဲမှာလည်း ကလေး သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသလို The Legend နဲ့ Queen Seon Deok ဇာတ်လမ်းတွဲတွေမှာလည်း ကလေး သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။  အသက်ငယ်ပေမယ့် သရုပ်ဆောင် တော်လွန်းတာကြောင့် Park Eun Bin ရဲ့ သရုပ်ဆောင်ချက်တွေက တီဗီဖန်သားပြင်မှာပါ စွဲကျန်နေပြီး ပရိသတ်တွေ ရင်ထဲကို ရောက်ရှိစေခဲ့ပါတယ်။

Google
Google

Park Eun Bin က လက်ရှိမှာ ထိပ်ဆုံး မင်းသမီးတစ်လတ် မဖြစ်သေးဘူးဆိုပေမယ့်လည်း သူမရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် နေရာတစ်ခုကို ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။ Park Eun Bin က The King’s Affection ဇာတ်လမ်းတွဲမှာ SF9 အဖွဲ့ဝင် Rowoon နဲ့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့ပါတယ်။

Google
Google
Google
Google
Google
Google

Extraordinary Attorney Woo ဇာတ်လမ်းတွဲထဲမှာလည်း Park Eun Bin က ဝူယောင်းဝူလေးအဖြစ်နဲ့ ကမ္ဘာနဲ့ချီပြီး အောင်မြင်မှုတွေ တခဲနက် ရရှိထားပါတယ်။

Google
Google
Google
Google

ကလေးသရုပ်ဆောင်လေးတွေက အသက်ကြီးလာတဲ့ အချိန်မှာ အောင်မြင်မှုတွေ မတ်လောက်စရာ အများကြီး မရကြပေမယ့်လည်း Park Eun Bin ကတော့ ထူးခြားစွာနဲ့ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါက ဖန်ရွှေနင်းနဲ့ ယမင်းရွှေစင် ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေးကနေ အောင်မြင်မှုတွေ သိမ်းကြုံးရရှိထားတဲ့ မင်းသမီး Park Eun Bin ရဲ့ အကြောင်းကို စိတ်ဝင်စားစရာလေး ဖော်ပြပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T