တူလေးကို ချစ်မဝဖြစ်နေတဲ့ ဗီဒီယိုလေး တင်ပေးလာတဲ့ G-Dragon ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/30/30931969f79bf36e93738db645e0a0798dab64b9.jpg
အနုပညာရှင်များ

 ၁၁-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

တူလေးကို ချစ်မဝဖြစ်နေတဲ့ ဗီဒီယိုလေး တင်ပေးလာတဲ့ G-Dragon ရဲ့ ဗီဒီယိုဖိုင်

တောင်ကိုရီးယား နာမည်ကျော် အဆိုတော်အဖွဲ့ဖြစ်တဲ့ BIGBANG အဖွဲ့ရဲ့ G-Dragon ဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ တူလေးရဲ့ ဦးလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ G-Dragon ရဲ့ အစ်မဖြစ်သူ Kwon Da-mi က နာမည်ကြီး သရုပ်ဆောင် Kim Min-joon နဲ့ ၂၀၁၉ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကမှ သားဦးလေးတစ်ယောက် မွေးဖွားခဲ့တာဖြစ်ပါတယ်။ တစ်ဦးတည်းသော တူလေး ဖြစ်တာကြောင့် G-Dragon က သူ့ရဲ့ တူလေးကို အရမ်းချစ်ပါတယ်။ တူလေးကလည်း ဦးလေးမျက်နှာနဲ့ အရမ်းကို တူတာကြောင့် ပရိသတ်တွေကလည်း အချစ်တွေ ပိုနေကြရတာဖြစ်ပါတယ်။

Google
Google
Google
Google

G-Dragon က သူ့ရဲ့ချစ်ဖို့ကောင်းတဲ့ သူလေးနဲ့ ဆော့ကစားနေတဲ့ ပုံရိပ်လေးကို သြဂုတ်လ ၁၀ ရက်နေ့က အင်စတာဂရမ်စတိုရီလေးပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာ G-Dragon က တူလေးကို ဒူးခေါင်းလေးပေါ်ကိုတင်ပြီး ပျော်ရွှင်စွာနဲ့ ချော့မြူနေတာဖြစ်ပါတယ်။ တူလေးနဲ့ အတူတူ ဆော့ကစားနေတဲ့ G-Dragon က ပျော်လွန်းလို့ ပါးစပ်က နှုတ်ခမ်းကိုတောင် တက်ချိတ်တော့မယ့် ပုံစံမျိုး ဖြစ်နေပါတယ်။

Youtube
Instagram
Instagram
Instagram
Instagram

အဆိုပါ ဗီဒီယိုလေးက တစ်ခဏချင်းမှာပဲ လူမှုကွန်ရက် အသုံးပြုသူတွေ ကြားမှာ ပြန့်နှံ့သွားပြီး လူပြောများလာခဲ့ပါတယ်။ ဦးလေး G-Dragon အခုလိုမျိုး ပြုံးပျော်နေတဲ့ ပုံရိပ်လေးက အရမ်းကို မြင်ရခဲတာကြောင့် ပရိသတ်တွေဆီကိုလည်း အပျော်လေးတွေ ကူးစက်သွားခဲ့ပါတယ်။ ကြည်နူးစရာကောင်းတဲ့ တောင်ကိုရီးယား ဒိတ်ဒိတ်ကြဲ G-Dragon နဲ့ တူလေးရဲ့ ချစ်စရာ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T