ချန်ဂင်မင်းသမီးကြီးရဲ့ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်လုနီးပါး အထိ ဖြစ်ခဲ့တဲ့ မင်းသမီး

//s9.kh1.co/26/26d9f017a39eaa137467f747136ed5210dc87b92.jpg
အနုပညာရှင်များ

 ၁၀-သြ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ချန်ဂင်မင်းသမီးကြီးရဲ့ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်လုနီးပါး အထိ ဖြစ်ခဲ့တဲ့ မင်းသမီး

တောင်ကိုရီးယားမင်းသမီး Shim Eun Ha ဟာဆိုရင် ချန်ဂင်လို လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး Lee Young Ae ရဲ့ ခင်ပွန်း ဖြစ်သူနဲ့ လက်ထပ်လုနီးပါ ဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

၁၉၉၀ ပြည့်နှစ်တွေမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေ တခဲနက် ရရှိခဲ့တဲ့ မင်းသမီးတွေထဲမှာ Shim Eun Ha လည်း အပါအဝင်ပဲဖြစ်ပါတယ်။ Shim Eun Ha က အရမ်းကို သီးသန့်ဆန်ပြီး လျို့ဝှက်တတ်တာကြောင့် သူမကို အလျို့ဝှက်ဆုံးကိုရီးယား မင်းသမီးလို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

Google
Google

Shim Eun Ha ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေက The Last Match ၊ Christmas in August နဲ့ Trap of Youth စတဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Shim Eun Ha ရဲ့ အောင်မြင်မှုတွေက တိုတောင်းလွန်းခဲ့ပါတယ်။ Shim Eun Ha ဟာ ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ယောက်နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ ကိုရီးယား အနုပညာလောကကနေ အနားယူခဲ့ပါတယ်။ Shim Eun Ha က ၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မင်းသမီးကြီးဖြစ်ပြီး သူမရဲ့ အောင်မြင်မှုက ရတနာ တစ်ပါးလိုပဲ ဖြစ်ပါတယ်။ Shim Eun Ha က ၁၉၉၃ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီး ပွဲဦးထွက်ထွက်ချင်းမှာပဲ MBC ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့သူဖြစ်ပါတယ် ။

Google
Google
Google
Google

Shim Eun Ha နဲ့ Lee Young Ae ရဲ့ ခင်ပွန်းဖြစ်သူ Jung Ho Young တို့အကြောင်းကို ဆက်ပြီး ရှင်းပြပေးသွားပါမယ်နော်။ Shim Eun Ha က အသက် ၂၆ နှစ်မှာ စီးပွားရေးလုပ်ငန်းရှင် Jung Ho Young နဲ့ လက်ထပ်ဖို့အထိ ဖြစ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက Shim Eun Ha ရဲ့ အသက်က ၂၆ နှစ်ဖြစ်ပါတယ်။ Jung Ho Young က အသက် ၄၀ နှစ်အရွယ် ကွာရှင်းပြီးသား ယောကျာ်းတစ်ယောက်ပါ။ ဒါကြောင့် Shim Eun Ha ရဲ့ အမေက အသက်အရမ်း ကွာလွန်းတဲ့ အကြောင်းပြချက်ရယ် ၊ တစ်ခုလပ်ရယ် ဖြစ်နေတာကြောင့် Shim Eun Ha ကို Jung Ho Young နဲ့ ယူဖို့ သဘောမတူခဲ့ပါဘူး။ ဒါပေမယ့်လည်း Shim Eun Ha က မိခင်ရဲ့ သဘောကိုဆန့်ကျင်ပြီး ရအောင်လက်ထပ်ခဲ့ပါတယ်။

Google
Google

မိခင်သဘောမတူတဲ့ ကြားကနေ လက်ထပ်ယူခဲ့တဲ့ မင်္ဂလာပွဲဟာလည်း အဆင်မပြေခဲ့ပါဘူး။ Shim Eun Ha က မင်္ဂလာပွဲ ကျင်းပဖို့အတွက် ၂ ရက်လိုခါနီးအချိန်မှာ လက်ထပ်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ တရားဝင်ကြေညာချက် တစ်စုံတစ်ရာမရှိဘဲနဲ့ Shim Eun Ha ဟာ မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့တာကြောင့် သတို့သားဖြစ်လုဆဲဆဲ Jung Ho Young ကို မနာကျင်စေလိုဘူးလို့ သိရပါတယ်။

Shim Eun Ha က မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ပြီးနောက်မှာ ပြင်သစ်မှာ ပညာသွားသင်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Shim Eun Ha ကိုအနုပညာလှုပ်ရှားမှုတွေဆီမှာ ထပ်ပြီး မတွေ့ရတော့ပါဘူး။ အချိန်ပေါင်းများစွာ ဘာသတင်းမှမကြားရပြီးတဲ့နောက် ၂၀၀၅ ခုနှစ်မှာ Shim Eun Ha က ပရိသတ်တွေဆီကို အံ့သြဖို့ကောင်းတဲ့ သတင်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီသတင်းက တောင်ကိုရီးယားရဲ့ အကြီးဆုံး Channel တွေထဲက တစ်ခုဖြစ်တဲ့ SBS ရဲ့ ရင်းနှီးမြုပ်နှံသူတစ်ယောက်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Ji Sang Wook နဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

Google
Google
Google
Google

Shim Eun Ha က လက်ထပ်ပြီးနောက်မှာ အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီကို ဘယ်တော့မှ ပြန်မပေါ်လာတော့ပေမယ့် ချောမောလှပပြီး ငယ်ရွယ်နုပျိုနေတုန်းပဲ ဖြစ်ပါတယ်။

Google
Google
Google
Google

Shim Eun Ha က အိမ်ထောင်ရေး အဆင်မပြေတာကြောင့် သေကြောင်းကြံစည်ဖို့အထိ ကြံစည်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် သူတို့ရဲ့ ဆက်ဆံရေးက ခိုင်မာနေဆဲ ဆိုတာကို ပရိသတ်တွေကို သက်သေပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ Shim Eun Ha က သူမရဲ့ မိသားစုကို အပြည့်အဝ အာရုံစိုက်ထားပါတယ်။ Shim Eun Ha ရဲ့ အသက်က ၄၀ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပေမယ့်လည်း အိုမင်းခြင်းမရှိ ငယ်ရွယ်နုပျိုပြီး ချောမောနေဆဲပဲ ဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T