ချိုအေးကြည်လင်တဲ့ အသံပါဝါကောင်းကောင်း ၊ အဓိပ္ပာယ်ရှိတဲ့ သီချင်းဖန်တီးမှုများ ၊ ပရိသတ်အကြိုက် ခပ်မိုက်မိုက်ဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားတဲ့ နိုင်ငံကျော် အမျိုးသမီး အနုပညာရှင် လို့ဆိုလာရင် အားလုံးကချစ်ကြတဲ့ အဆိုတော် အိမ့်ချစ်ကိုပဲဖော်ပြရမှာဖြစ်ပါတယ်။


အဆိုတော် အိမ့်ချစ် ဟာ လတ်တလော မှာ ပထမဦးဆုံး သမီးဦးလေးကို လွန်ခဲ့တဲ့ ဩဂုတ် (၆)ရက်နေ့ နံနက် (၇) နာရီ (၁၃) မိနစ်မှာ သမီးဦးလေးအမရာကို အာယုဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ချစ်စရာ သမီးလေး အမရာမှာ (၆) ပေါင် (၁၂) အောင်စ ရှိပြီး မိခင်ရောကလေးပါကျန်းမာစွာရှိကြောင်းသိရပါတယ်။


အခုအခါမှာ ဖေဖေ ၊ မေမေအိမ့်ချစ် ၊ ဖွားဖွား ၊ လေးလေးတို့နဲ့အတူ သမီးလေး အမရာ တို့ဟာ ဆေးရုံက ဆင်းသွားပြီပဲဖြစ်ပါတယ်။ ချစ်စရာသမီးလေးနဲ့ မေမေရဲ့ ပုံရိပ်တွေကို ချစ်ရတဲ့ ပရိသတ်ကြီးကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။




