ရင်ဖိုစရာကောင်းတဲ့အရပ်ကွာဟနေတဲ့ ဓာတ်ပုံလေးကြောင့် စိတ်ဝင်စားမှု ခံနေရတဲ့ Kim Soyeon တို့ ဇနီးမောင်နှံ

//s9.kh1.co/b1/b1ab4a5c6e95e25940c48cb27250e96e4c9bfd29.jpg
အနုပညာရှင်များ

 ၁၀-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

ရင်ဖိုစရာကောင်းတဲ့အရပ်ကွာဟနေတဲ့ ဓာတ်ပုံလေးကြောင့် စိတ်ဝင်စားမှု မြင့်တတ်နေတဲ့ Kim Soyeon တို့ ဇနီးမောင်နှံ

တောင်ကိုရီးယား မင်းသမီး Kim So-yeon နဲ့ Lee Sang-woo တို့က အရမ်းကို ချစ်ကြတဲ့ အနုပညာစုံတွဲလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ချစ်ဖို့ကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို တင်ပေးနေကြဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/7c/7c269ecc88f4e17bb6207af9b15fee0d927d260d.jpeg

အခုတစ်ခေါက်မှာလည်း လူတိုင်းအားကျဖို့ကောင်းတဲ့ စုံတွဲဓာတ်ပုံလေးကို Kim So-yeon က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလာပြန်ပါပြီ။Kim So-yeon က လက်ရှိမှာ သူမခင်ပွန်းဖြစ်သူ မင်းသား Lee Sang-woo နဲ့ ကြော်ငြာလေး ရိုက်ကူး နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=627,h=783,q=100/e3/e30eda684111d6889e358cd0c10b0e728e20c28c.jpg

ကြော်ငြာရိုက်ကူးနေရင်း ခဏ နားနေချိန်မှာ Lee Sang-woo နဲ့ Kim So-yeon တို့ ဇနီးမောင်နှံက ဆဲလ်ဖီလေးတွေ ရိုက်နေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=621,h=784,q=100/5d/5d66dc2cc4c92672312cc1ae4c0d9596dc8a9373.jpg

ဓာတ်ပုံထဲမှာ နှစ်ဦးသားရဲ့ အရပ်က အရမ်းကို ကွာခြားမှု ရှိနေပြီး ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိထားပါတယ်။

https://s9.kh1.co/__image/w=598,h=700,q=100/61/618d30569dac9a441fdb504515eec91a3845502d.jpg

Lee Sang-woo က သူ့ရဲ့ ရှည်လျားလှတဲ့ အရပ်မြင့်မြင့်နဲ့ ချစ်ဇနီးလေးကို နောက်ကျောကနေ သိုင်းဖက်ထားတာဖြစ်ပါတယ်။ အဝေးကနေကြည့်ရင် ရင်ခွင်ထဲရောက်နေတဲ့ပုံစံလေးဖြစ်တာကြောင့် ကြည့်ရတာ အရမ်းကို လှပါတယ်။

https://s9.kh1.co/__image/w=614,h=732,q=100/cf/cf3628ad0d74a4a3b1623ec72ea9156fe665c8d5.jpg
https://s9.kh1.co/__image/w=430,h=537,q=100/a9/a9b49c194dfd483c37262a87e344eb9fed121f91.jpg

တောင်ကိုရီးယား အနုပညာ စုံတွဲနှစ်ယောက်ဖြစ်တဲ့ Lee Sang-woo နဲ့ Kim So-yeon တို့ဟာ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အရမ်းချစ်ကြတဲ့ စုံတွဲလေး အဖြစ် လူသိများတဲ့ စုံတွဲလေး ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=550,h=825,q=100/11/11696c87d7a4ea3991112a35492e3428f7e28360.jpg

ချစ်ဖို့ကောင်းတဲ့ တောင်ကိုရီးယား အနုပညာရှင် စုံတွဲလေး နှစ်ယောက်ဖြစ်တဲ့ Kim So-yeon နဲ့ Lee Sang-woo တို့ရဲ့ ကြည်နူးစရာ ဓာတ်ပုံလေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T