ကမ္ဘာကျော် အမေရိကန်မိတ်ကပ်ပညာရှင် ဖြစ်သလို အလှကုန်လုပ်ငန်းရှင်အဖြစ် ထင်ရှားကျော်ကြားတဲ့YouTuber တစ်ယောက်ဖြစ်တဲ့ ဂျက်ဖရီစတား ရဲ့ အိမ်ကြီးကို မြန်မာလူမျိုး သရုပ်ဆောင် စမိုင်းလ်တို့ ဝယ်ယူခဲ့တဲ့သတင်းဟာ သတင်းမီဒီယာတွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။


အဆိုပါအိမ်ကြီးကို စမိုင်းလ်းတို့ဇနီးမောင်နှံက ဝယ်ယူခဲ့တာလို့ ဖော်ပြထားပြီး အိမ်ကြီးရဲ့ တန်ကြေးက အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် တန်ကြေးရှိပါတယ်။

မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုရင် အိမ်ကြီးရဲ့ တန်ကြေးက ၃၅ ဘီလီယံ အထိရှိတယ်လို့ သိရပါတယ်။




အိမ်ကြီးရဲ့ တည်နေရာက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိပြီး Hidden Hills မြို့ရဲ့ အခမ်းနားဆုံး အကြီးကျယ်ဆုံး အိမ်ကြီး တစ်အိမ်အဖြစ် အသတ်မှတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။



အိမ်ကြီးရဲ့စုစုပေါင်း အကျယ်အဝန်းကတော့ ၂.၈ ဧကအထိ ကျယ်ဝန်းတာကြောင့် တကယ့်ကို နန်းတော်ကြီး တစ်ခုအလားပဲဖြစ်ပါတယ်။

အမေရိကန်က သန်းကြွယ်သူဌေးတွေတောင် မဝယ်နိုင်တဲ့ အိမ်ကြီးကို ဝယ်ယူနိုင်ခဲ့တာကြောင့် မြန်မာလူမျိုး သရုပ်ဆောင်ဖြစ်တဲ့ စမိုင်လ်းတို့ လင်မယားရဲ့ သတင်းဟာ နာမည်ကြီး ရေပန်းစားလျက်ရှိပါတယ်။






