David Beckham ရဲ့မိသားစုနဲ့ Brooklyn Beckham ရဲ့ဇနီးတို့ကြား ပဋိပက္ခတွေဟာ မကြာသေးမီကလူအများ အာရုံစိုက်စရာ ကိစ္စဖြစ်လာခဲ့ပါတယ်။ Brooklyn Beckham နဲ့ Nicola Peltz တို့ဟာ ၂ နှစ်ကျော် ချိန်းတွေ့ခဲ့ကြပြီးနောက် တစ်အိမ်တည်းအတူနေ လာကြပါပြီဖြစ်ပါတယ်။

Brooklyn Beckham နဲ့ Nicola Peltz တို့ရဲ့ မင်္ဂလာပွဲကို ဧပြီလက ဖလော်ရီဒါပြည်နယ် Palm Beach ရှိ Peltz မိသားစုရဲ့ ဒေါ်လာ ၁၀၃ သန်းတန်အိမ်ကြီးမှာ ကျင်းပခဲ့ပါတယ်။ သတို့သမီးနဲ့ သတို့သားရဲ့ ကျော်ကြားမှုတို့ကြောင့်ရော နာမည်ကြီး မိသားစုက လာတာကြောင့်ပါ ကမ္ဘာမီဒီယာတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အရည်အချင်းရှိတဲ့ စုံတွဲလေးရဲ့ မင်္ဂလာပွဲဖြစ်ခဲ့ပါတယ်။ သူတို့ဟာ အခုအချိန်မှာ ရေပန်းအစားဆုံး စုံတွဲများထဲမှ တစ်တွဲအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် ဒီအိမ်ထောင်ရေးဟာ လူတော်တော်များများ မျှော်လင့်ထားသလို ပြီးပြည့်စုံမှုတော့ မရှိပါဘူး။ Peltz နှင့် Beckham မိသားစုနှစ်စုကြား မင်္ဂလာပွဲအပြီးမှာ အထူးသဖြင့် Victoria Beckham နဲ့ သူ့ချွေးမ Nicoka Peltz တို့ကြားက ဆက်ဆံရေးမှာ မတိုးတက်လာခဲ့ပါဘူး။

New Daily Mail ရဲ့ဖော်ပြချက်အရ ဗစ်တိုးရီးယားဘက်ခမ်းနှင့် သူ့ရဲ့အကြီးဆုံးချွေးမဖြစ်သူ Nicola Peltz နှင့် Brooklyn Beckham တို့ မင်္ဂလာပွဲကျင်းပခဲ့တဲ့အချိန်က ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်က Nicola Peltz ဟာ မင်္ဂလာပွဲ ၃ ရက်အတွက် Versace ဖက်ရှင် ဆိုင်က ဝတ်စုံအားလုံးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် သူ့ယောက္ခမ Victoria ရဲ့ ဖက်ရှင်အမှတ်တံဆိပ်က ဒီဇိုင်းတစ်ခုကိုတောင်မှ လူအများအံ့အားသင့်စေမယ့် နေ့ကြီးမှာ ဝတ်ဆင်ဖို့ မရွေးချယ်ခဲ့ပါဘူး။ မင်္ဂလာဆောင်ပြီးကတည်းက ဗစ်တိုးရီးယား ဘက်ခမ်းနဲ့ သူ့ချွေးမတို့ဟာ စကားပြောဆိုတာနည်းပြီး လူမှုကွန်ရက်မှာလည်း အပြန်အလှန်ပြောဆိုဆက်ဆံတာ သိပ်မတွေ့ရပါဘူး။ မေလ 27 ရက်နေ့ကတည်းက Victoria ဟာ Nicola Peltz ရဲ့ကိုယ်ရေးကိုယ်တာစာမျက်နှာပေါ်မှာရှိတဲ့ ဘယ်ပို့စ်ကိုမှ Like မလုပ်ခဲ့ပါဘူး။

ဘီလီယံနာတစ်ယောက်ရဲ့ ချွေးမအနေနဲ့ သူ့ယောက္ခမနဲ့ အရင်ကလောက် မှတ်ချက်မပေးဘဲ ဆက်ဆံခဲ့ပါတယ်။ မကြာသေးမီက သူမဟာ David Bekham အတွက် မွေးနေ့ဆုတောင်းခဲ့တဲ့ Victoria ရဲ့ ပို့စ်အောက်မှာ ဘာတုံ့ပြန်မှုမှမလုပ်ခဲ့ပဲ သူတို့ကြားက ဆက်နွှယ်မှုအားလုံးက မရှိသလောက်ဖြစ်နေတာတွေ့ခဲ့ရပါတယ်။ မကြာသေးမီလတွေအတွင်း ဘက်ခမ်းမိသားစုဟာ သားဖြစ်သူ ဘရွတ်ကလင်းနဲ့ရော ချွေးမနဲ့ပါ အဆက်အသွယ်မရှိသလောက်ဖြစ်နေပြီဆိုတဲ့ သတင်းတွေတောင်ထွက်ခဲ့ပါတယ်။

၁၉၉၅ မှာ မွေးဖွားတဲ့ Nicola Peltz ဟာ စူပါမော်ဒယ်ဟောင်း Claudia Heffner နဲ့ ဘီလီယံနာ Nelson Peltz တို့ရဲ့ သမီးအဖြစ် မိသားစုနောက်ခံကြောင့် ကျော်ကြားသည်။ ဒေးဗစ်ဘက်ခမ်းရဲ့အကြီးဆုံးသား Brooklyn နဲ့ ၂ နှစ်ကြာ လူသိရှင်ကြား ချိန်းတွေ့ခဲ့ပြီးနောက် ဒီနှစ် ဧပြီလမှာ သူတို့နှစ်ဦး စေ့စပ်ကြောင်း ကြေညာခဲ့ပါတယ်။

Nicola Peltz ဟာ အမေရိကန် ဘီလီယံနာနှင့် စူပါမော်ဒယ် Claudia Heffner ရဲ့ သမီးဖြစ်တာကြောင့် သူမရဲ့ စူပါမော်ဒယ်မိခင်ရဲ့ အလှကို အမွေဆက်ခံခဲ့ပြီး အလွန်လှပတဲ့ ခန္ဓာကိုယ်ရှိတာတွေ့ရပါတယ်။
Photos-credit
Source: KBIZoom





