ပထမဆုံးအကြိမ် ဘူဆန်မှာ အခမဲ့ဖျော်ဖြေပွဲကြီး ကျင်းပသွားမယ့် BTS…

//s9.kh1.co/55/550fcffe2666366187e92dee35e9491629b8f077.jpg
အနုပညာရှင်များ

 ၀၆-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

“2030 Busan Expo Concert” ကို အောက်တိုဘာလလယ်မှာကျင်းပမှာ…

အဖွဲ့လိုက်လှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားတဲ့ BTS အဖွဲ့ဟာဆိုရင် ယခုနှစ်ဆောင်းဦးရာသီမှာ ပထမဆုံးအကြိမ်အဖြစ် စင်မြင့်ပေါ်မှာ အဖွဲ့တစ်ခုလုံးစုံလင်စွာနဲ့ ပြန်လည်ဆုံစည်းမယ်လို့ မျှော်လင့်ရပါတယ်။

https://s9.kh1.co/__image/w=560,h=840,q=100/36/3640409d8c712e5426596a92514e4419c376394d.jpg

BTS ဟာ “2030 Busan Expo Concert” ကို အောက်တိုဘာလလယ်မှာ ကျင်းပမှာဖြစ်ကြောင်း Kookje Newspaper မှ ဇူလိုင်လ 6 ရက်နေ့တွင် ဖော်ပြခဲ့ပါတယါ။ အစီရင်ခံစာအရ BTS ရဲ့အေဂျင်စီ HYBE က၊ Busan City နဲ့ EXPO Bid Committee တို့ဟာ ဖျော်ဖြေပွဲကျင်းပမယ့်နေရာနဲ့ ရက်စွဲကို ဆွေးနွေးနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=796,q=100/28/28b73b10d36986db2d784bcf01178b531b2561f9.jpg

Busan Asiad Main Stadium၊ Samnak Ecological Park နှင့် Bukhang Port အပါအဝင် နေရာ ၃ ခုကို EXPO ပွဲကျင်းပဖို့ရွေးသွားမှာဖြစ်ပါပြီး BTS ရဲ့ ဖျော်ဖြေပွဲအတွက် လက်မှတ်တစ်စောင်ဟာ ပုံမှန်အားဖြင့် ဝမ်သိန်းနှင့်ချီ ကုန်ကျပေမယ့်လည်း အခုအကြိမ်မှာတော့ Busan EXPO ဖျော်ဖြေပွဲကို အခမဲ့ကျင်းပသွားမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/66/668eff7598b496b267565924b39a0a620f2fb58e.jpg

HYBE ဟာ ဘူဆန် EXPO ဖျော်ဖြေပွဲကို လူအများဆန္ဒအရ အခမဲ့ဖျော်ဖြေပွဲအဖြစ် ကျင်းပဖို့ သဘောတူညီခဲ့ကြောင်း သိရပြီး ဒီဖျော်ဖြေပွဲကို ပရိသတ် 100,000 လောက် လာရောက်အားပေးမယ်လို့ ခန့်မှန်းထားပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/cd/cdcc38794b924e8b9c8ec792a85b4342b9de5487.jpg

ဘူဆန်မြို့တော်အစိုးရကတော့ BTS ရဲ့ ဖျော်ဖြေပွဲအတွက် ဘူဆန်သို့လာရောက်လည်ပတ်မယ့် ပရိသတ် 100,000 အတွက် လေယာဉ်နဲ့ မီးရထားကဲ့သို့ သယ်ယူပို့ဆောင်ရေးတွေကို တိုးချဲ့ခြင်းဖြင့် အဆင်ပြေစေဖို့ကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/9c/9c4ad873ed9aacd12866f538ab19c0aa00a2b045.png

တကယ်တော့ ဘူဆန် ဟာ BTS အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Jimin နဲ့ Jungkook တို့ရဲ့ မွေးရပ်မြေလည်းဖြစ်ပါတယ်။ ဘူဆန်ကို ချစ်မြတ်နိုးတဲ့ BTS အဖွဲ့ဝင်များဟာ လာမယ့်နှစ်အစောပိုင်းမှာ ကျင်းပမယ့် ဘူဆန် EXPO သံတမန်များအဖြစ် တက်ရောက်သွားဖို့လည်း ရှိနေပါတယ်။ 

Photos-credit

Source- KBIZoom 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T