မကြာသေးမီက တရုတ်ပြည်မှာရှိတဲ့ Seungri ရဲ့ fansite တစ်ခုက BIGBANG အဖွဲ့ရဲ့ ၁၆ နှစ်ပြည့်နှစ်ပတ်လည်အတွက် ဆိုလ်းမြို့မှာ ကြော်ငြာ ဗီနိုင်း တစ်ခု လွှင့်တင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါ ကြော်ငြာမှာBIGBANG အဖွဲ့ဝင်ဟောင်း Seungri ပါဝင်နေတာကြောင့် VIP ပရိသတ်တွေရဲ့ ဆိုးဆိုးရွားရွား ပြစ်တင်ဝေဖန်မှုတွေ ရရှိနေပါတယ်။

BIGBANG အဖွဲ့ဝင်တွေရဲ့ ပုံရိပ်ထဲမှာ Seungri ကိုထည့်ခြင်းက BIGBANG နဲ့ သူ့ရဲ့ Fandom ကြီး တစ်ခုလုံးကိုပါဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနိုင်တယ်လို့ဆိုကာ တောင်ကိုရီးယားက VIP တွေအပါအဝင် တစ်ကမ္ဘာလုံးက VIP တွေက ဝိုင်းဝန်း အပြစ်တင်ထားကြတာဖြစ်ပါတယ်။

တောင်ကိုရီးယား ပရိသတ်တွေကလည်း အဆိုပါ ကြော်ငြာကို ပြသခွင့် မရရှိရေးအတွက် YG အင်တာတိန်းမန့် နှင့် ပြည်တွင်း အီလတ်ထရောနစ် ဘုတ် ကြော်ငြာ တာဝန်ခံတွေဆီကို အထိ ဆက်သွယ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်မှု ကျူးလွန်ထားတဲ့ သူတစ်ယောက်ရဲ့ ပုံကို BIGBANG အဖွဲ့ရဲ့ကြော်ငြာထဲမှာ ထည့်သွင်း အသုံးပြုခြင်းက အမျိုးသမီးတွေကို စော်ကားရာ ရောက်တယ်လို့ ဆိုကာ ပရိသတ်တွေက ဒေါသထွက်နေကြတာဖြစ်ပါတယ်။


တောင်ကိုရီးယား BIGBANG အဖွဲ့ဝင်ဟောင်း Seungri ဟာ လိင်းပိုင်းဆိုင်ရာ အမှု ၃ ခုအပါအဝင် စုစုပေါင်း အမှု ၉မှုနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး လက်ရှိမှာ အကျဉ်းကျနေတာဖြစ်ပါတယ်။

Seungri က BIGBANG အဖွဲ့ထဲကနေ တရားဝင်ထွက်ရှိထားတာဖြစ်ပြီး ပရိသတ်တွေကလည်း BIGBANG အဖွဲ့ရဲ့ဂုဏ်သိက္ခာအတွက် Seungri နဲ့ BIGBANG ကို ဘယ်သောအခါမှ တွဲမတွေ့ချင်တော့ဘူးလို့ သိရပါတယ်။


ဒါကြောင့်BIGBANG အဖွဲ့ထဲမှာ Seungri ရဲ့ ပုံရိပ်ကို ထည့်သွင်းထားတာက ပရိသတ်တွေအတွက် အနာပေါ်တုတ် ကြသလိုဒေါသထွက်စရာ ကိစ္စကြီး ဖြစ်စေခဲ့ပါတယ်။


Source - Allkpop