ခင်ပွန်းသည်နဲ့ ကွာရှင်းမလို ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ လက်တွဲခဲ့တဲ့ မင်းသမီး Jun Jin Hyun

//s9.kh1.co/26/2689b6fbdc6e4cb48ee1d40576232c2d9dffdcdf.jpg
အနုပညာရှင်များ

 ၀၆-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကွာရှင်းဖို့အထိ အဆင်မပြေတွေ ဖြစ်ခဲ့ပေမယ့်လည်း ငယ်ချစ်သံယောစဥ်ကို လွန်ဆန်နိုင်ဖို့ရာ မဖြစ်နိုင်တာကြောင့် ....

ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ Jun Ji Hyun က အနုပညာရှင်လောကထဲက မဟုတ်တဲ့ချစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး 2012 ခုနှစ် ဧပြီလမှာ ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ Jun Ji Hyun ရဲ့ ခင်ပွန်းဟာ တောင်ကိုရီးယားရဲ့ အကျော်ကြားဆုံး ဆွေတော်မျိုးတော်မိသားစုထဲက သားတစ်ယောက်လည်း ဖြစ်သလို ငွေသား ဒေါ်လာသန်းရာနဲ့ချီတန်တဲ့ နိုင်ငံတကာဘဏ်ကိုလည်း လက်ဝယ် ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

သူတို့စုံတွဲက ငယ်ငယ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ဖူးကြပြီး ကြီးပြင်းလာချိန်မှာတော့ သူတိုရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင် ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အတွက်နဲ့ လမ်းခွဲလိုက်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ Choi Joon Hyun က မင်းသမီးကို နောက်တစ်ကြိမ် ချစ်ခွင့်ပန်ခဲ့ပါတော့တယ်။ ဒီတစ်ခါမှာလည်း Jun Ji Hyun က ခေါင်းငြိမ့်ပေးခဲ့ပြီး ငယ်ချစ်တွေရဲ့ ပြန်စုံဆည်းမှုဟာ ချစ်သူတွေအဖြစ် ၂ နှစ်ကြာအောင် လက်တွဲခဲ့ကြပြီး ၂၀၁၂ မှာတော့ လက်ထပ်ရင်း မိသားစုဘဝကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

ကံမကောင်းစွာနဲ့ပဲ အိမ်ထောင်သက် ကိုးနှစ်အကြာ ၂၀၂၁ နှစ်မှာ Jun Ji Hyun နဲ့ သူမရဲ့ခင်ပွန်းဟာ ကွာရှင်းဖို့အထိ အဆင်မပြေတွေ ဖြစ်ခဲ့ပေမယ့်လည်း ငယ်ချစ်သံယောစဥ်ကို လွန်ဆန်နိုင်ဖို့ရာ မဖြစ်နိုင်တာကြောင့် ရှေ့ဆက်လက်တွဲတွေ ခိုင်မြဲဖို့ကိုသာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 

Source : Soompi

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T