မင်္ဂလာသတင်းထွက်ပြီးမှ လမ်းခွဲပျက်စဲလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေညာလိုက်တဲ့ သရုပ်ဆောင်စုံတွဲ

//s9.kh1.co/8f/8f13edff62df037cdacd0ead1044cf6afedabf7e.jpeg
အနုပညာရှင်များ

 ၀၆-သြ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

မင်္ဂလာသတင်းထွက်ပြီးမှ လမ်းခွဲပျက်စဲလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေညာလိုက်တဲ့ သရုပ်ဆောင်စုံတွဲ

တောင်ကိုရီးယားသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Park Sung Hoon နဲ့ Ryu Hyun Kyung တို့နှစ်ဦးသားဟာ ၆ နှစ်တာသက်တမ်းရှည်စွာ တွဲခဲ့ပြီးနောက်မှာ လမ်းခွဲလိုက်ကြပြီပဲ ဖြစ်ပါတယ်။ 

Google
Google

ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ သူတို့နှစ်ဦး လမ်းခွဲသွားပြီဖြစ်တဲ့အကြောင်းကို နှစ်ဖက် အေဂျင်စီတွေကနေအတိအလင်းကြေညာပေးခဲ့တာဖြစ်ပါတယ်။

Google
Google

မင်းသမီး Ryu Hyun Kyung ရဲ့ အေဂျင်စီဖြစ်တဲ့ H& Entertainment  က သူတို့နှစ်ဦးသား လမ်းခွဲလိုက်ပြီဆိုတာမှန်ကန်ကြောင်း လမ်းခွဲလိုက်ပေမယ့် ကောင်းမွန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

Google
Google

မင်းသား Park Sang Hoon ရဲ့ အေဂျင်စီဖြစ်တဲ့ BH Entertainment က လည်း အနုပညာရှင်နှစ်ဦးက လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း လမ်းခွဲလိုက်ကြပေမယ့် လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်နေကြသေးကြောင်း နှစ်ဦးသားကိုဆက်လက်ပြီး အားပေးကြပါဦးလို့ ပြောကြားခဲ့ပါတယ်။ 

Google
Google

Park Sung Hoon နဲ့ Ryu Hyun Kyung တို့ နှစ်ဦးတွဲနေပြီဖြစ်တဲ့အကြောင်းကို ၂၀၁၇ ခုနှစ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ သက်တမ်းရှည်စုံတွဲဖြစ်ပြီး ၆ နှစ်အကြာမှာ လက်ထပ်ကြတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့တာဖြစ်လို့ရုတ်တရတ်ကြီး လမ်းခွဲသွားပြီဆိုတဲ့သတင်းက ပရိသတ်တွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။ 

Google
Google
Google
Google

Park Sung Hoon နဲ့ Ryu Hyun Kyung နှစ်ဦးက Almost Maine ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပြီး ဇာတ်လမ်းရိုက်ကူးနေရင်းနဲ့ပဲ ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ 

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T