သူတို့ကသာ K-popလောကရဲ့ Legendဖြစ်တယ်ဆိုတာကို သက်သေပြခဲ့တဲ့ Girl Generation…

//s9.kh1.co/61/611f4f14981d0e5a20b83d9085a2cf23e7701792.jpg
အနုပညာရှင်များ

 ၀၆-သြ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အောင်မြင်မှုများဟာ အဖွဲ့ရဲ့Comebackကို စောင့်မျှော်နေကြတဲ့ ပရိသတ်များရဲ့…

K-pop အဖွဲ့ Girls' Generation ဟာ သူတို့ရဲ့ အယ်လ်ဘမ် ထွက်ရှိပြီး 5 နှစ်အကြာမှာတော့  ပထမဆုံး comeback မှတစ်ဆင့် သူတို့ရဲ့ မယိမ်းယိုင်တဲ့ စွမ်းအားကို သက်သေပြခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဇယားများကို သိမ်းပိုက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/9c/9c6fe14629635f3bfa611bbe5f5716bb00fa1c77.png

ဩဂုတ်လ 5 ရက်နေ့က ဖြန့်ချိခဲ့တဲ့ Girls' Generation ရဲ့ 7 ခုမြောက် အယ်လ်ဘမ် “FOREVER 1” ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ/ဒေသ 31 ခုရဲ့ iTunes ထိပ်တန်းအယ်လ်ဘမ်ဇယားမှာ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/e0/e0b51d2fbe790f02528ff714ce412928e20eb0f2.jpg

အဆိုပါအယ်လ်ဘမ်ဟာ တရုတ်နိုင်ငံရဲ့အကြီးဆုံးတေးဂီတပလက်ဖောင်း QQ Music ရဲ့ ဒစ်ဂျစ်တယ်အယ်လ်ဘမ်ရောင်းချမှုဇယားနဲ့ ဂျပန်နိုင်ငံ Recochoku ရှိ နေ့စဉ်အယ်လ်ဘမ်အဆင့်သတ်မှတ်ချက်တွေမှာ Girls' Generation ရဲ့ ကမ္ဘာလုံးဆိုင်ရာလူကြိုက်များမှု‌တွေကို အသိအမှတ်ပြုခြင်းလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=489,q=100/56/561bca08bcf51c4cd087542fa2f8b38a8369ec4a.jpg

ဒါ့အပြင် Title သီချင်းဖြစ်တဲ့ “FOREVER 1” ထွက်ရှိပြီးတာနဲ့ Bugs နဲ့ Vibes ကဲ့သို့သော ကိုရီးယားရှိ တေးဂီတဇယားများတွင် ထိပ်တန်းနေရာများသို့ ဝင်ရောက်လာခဲ့ပါတယ်။ အခုအောင်မြင်မှုများဟာ အဖွဲ့ရဲ့Comebackကို စောင့်မျှော်နေကြတဲ့ ပရိသတ်များရဲ့ စိတ်အားထက်သန်မှုကို သက်သေပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=413,q=100/99/996f811658280d6fd74b00b9fd7099fb4ee4c4c2.webp

Girls' Generation ရဲ့ 7 ခုမြောက် အယ်လ်ဘမ် “FOREVER 1” မှာ ဆွဲဆောင်မှု အမျိုးမျိုးဖြင့် နာမည်တူ တေးသွားများ အပါအဝင် စုစုပေါင်း သီချင်း ၁၀ ပုဒ် ပါဝင်ပါတယ်။ အယ်လ်ဘမ် အခွေကိုတော့ သြဂုတ် ၈ရက်နေ့မှာ ထွက်ရှိမယ်လို့သိရပါတယ်။

Photos-credit

Source- KBIZoom 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T