တရုတ်အင်တာနက်အသုံးပြုသူများဟာ Korean Wave ကြယ်ပွင့်များနဲ့ အခြားနိုင်ငံခြားကနာမည်ကျော် များကိုပါ ပစ်မှတ်ထားနေကြပါတယ်။ Yahoo ကဖော်ပြတဲ့သတင်းတစ်ပုဒ်မှာ “One China” လို့ခေါ်တဲ့ တရုတ်တစ်နိုင်ငံတည်းမူကို ထောက်ခံမှုမပြတဲ့ တရုတ်နဲ့ နိုင်ငံခြားကနာမည်ကြီးတွေကို ဝေဖန်နေကြသလို တရုတ် အင်တာနက်သုံးစွဲသူတွေကလည်း Korean Wave ကြယ်ပွင့်တွေကို ပစ်မှတ်ထားဝေဖန်နေကြတယ်လို့ သြဂုတ် ၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီဟာဆိုရင် သြဂုတ် ၂ ရက်နေ့က တရုတ်နိုင်ငံမှ သတိပေးမှုများကြားမှ ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခဲ့ချိန်မှာ တရုတ်အစိုးရပိုင် ရုပ်သံ CCTV မှ Weibo မှာ ထိုင်ဝမ်ဟာ “တရုတ်တစ်ပြည်တည်းမူဝါဒ” နဲ့အတူ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ ထိုင်ဝမ်အပါအဝင် တရုတ်ကြယ်ပွင့်အချို့ကလည်း “One China” မှာပါဝင်လှုံ့ဆော်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း Yahoo News မှ အချို့သော တရုတ်အင်တာနက်သုံးစွဲသူများဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူသိရှင်ကြားနဲ့ “One China” တရုတ်တစ်နိုင်ငံတည်းမူကို မထောက်ခံခဲ့တဲ့ နိုင်ငံရပ်ခြားမှ တရုတ်ကြယ်ပွင့်များအပြင် တောင်ကိုရီးယားနှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများမှ အနုပညာရှင်များကိုပါ ဝေဖန်နေကြပါတယ်။

ထိုင်ဝမ်အဆိုတော်-သရုပ်ဆောင် Hebe Tien ဟာဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ သူမရဲ့ ခေါက်ဆွဲစားနေသည့် ဓာတ်ပုံများကို တင်ထားသောကြောင့် Pelosi ၏ ထိုင်ဝမ်ခရီးစဉ်ကို ထောက်ခံတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။

Jay Chou၊ အမေရိကန် နိုင်ငံသား Wilbur Pan နှင့် ကနေဒါနိုင်ငံသား Eddie Feng နှင့် Edison Chen တို့အပြင် စင်ကာပူနိုင်ငံသားများဖြစ်တဲ့ JJ Lin နှင့် Jet Li နှင့် မလေးရှားနိုင်ငံမှ တရုတ်အနုပညာရှင်များဖြစ်တဲ့ Michelle Yeoh(မိရှဲရိုး) တို့ကိုလည်း စာရင်းမှာဖော်ပြထားပါတယ်။

“One China” ကို ပွင့်ပွင့်လင်းလင်း မထောက်ခံတဲ့အတွက် ဝေဖန်တဲ့အင်တာနက်သုံးစွဲသူ အရေအတွက် တိုးများလာနေပြီး တရုတ်မှာနာမည်ကြီးတဲ့ ကိုရီးယားကြယ်ပွင့်များဖြစ်တဲ့ BoA၊ BLACKPINK နဲ့ G-Dragon တို့အပြင် Adele၊ Taylor Swift၊ Lady Gaga နှင့် Rihanna တို့ကဲ့သို့ တရုတ်မဟုတ်တဲ့ ကြယ်ပွင့်များပါဝင်ပါတယ်။

တရုတ်အင်တာနက်အသုံးပြုသူအချို့က တရုတ်မဟုတ်တဲ့ နာမည်ကြီးများကို တရုတ်နိုင်ငံရေးထဲသို့ ဆွဲသွင်းရန် မလိုအပ်ဟု ပြောဆိုနေကြသော်လည်း တဖက်မှာလည်း "မင်း တရုတ်ပြည်မှာ ငွေရှာရင် မင်းဟာ တရုတ်ဖျော်ဖြေရေးနယ်ပယ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့” ပြန်ပြီး ချေပနေကြပါတယ်။
Photos-credit
Source: KBIZoom