ထိုင်းနိုင်ငံရဲ့ မင်းသမီချောလေးတစ်ယောက်ဖြစ်တဲ့ Davikah ကတော့ လက်ရှိမှာ အောင်မြင်နေကြတဲ့ ထိုင်းမင်းသမီးတွေထဲကတစ်ယောက်ဖြစ်သလို Project တွေလည်း တစ်ခုပြီးတစ်ခု လက်ခံရိုက်ကူးနေတဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း BL ကားတွေကို ရိုက်ကူးလေ့ရှိတဲ့ ထိုင်းမင်းသားလေး Bright နဲ့ "ကြယ်တွေရေတွက်မယ့်ည" ဇာတ်လမ်းတွေထဲမှာ တူတူ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။


အဆိုပါဇာတ်လမ်းတွဲမှာတော့ ခင်ဟန် အဖြစ် Bright Vachirawit နဲ့ နပ်ဒေါင် အဖြစ် Mai Davika တိုက ပါဝင်ထားတာ ဖြစ်ပါတယ်။ ခင်ဟန် ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ နပ်ဒေါင်ဆိုတဲ့ စီနီယာမမ အချောလေးတစ်ယောက်ကို သဘောကျခဲ့ဖူးပါတယ်။ သူမနဲ့အတူဖန်တီးခဲ့တဲ့ အမှတ်တရတွေနဲ့အတူ နှစ်ပေါင်းများစွာ အထီးကျန်ကျန် ရှင်သန်လာခဲ့ရင်းကနေ တစ်နေ့မှာတော့ သူမနဲ့ပြန်တွေ့လိုက်ရပါတယ်။ ဒါပေမယ့်လည်း နပ် က သူ့ကို မှတ်မိမနေခဲ့ပါဘူး။



အလေ့အထတစ်ခုဟာ ဖျောက်ရခက်သလိုလူတစ်ယောက်အပေါ်ထားတဲ့ချစ်ခြင်းဟာလည်း ဖျောက်ဖျက်ရခက်လှပါတယ်။ ကြယ်တွေကိုသဘောကျတဲ့ ပန်းချီဆရာလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ဒီ မ နဲ့ မောင် ဇာတ်လမ်းလေးမှာ စီးမျောရမှာပဲဖြစ်ပါတယ်။ မနဲ့မောင် အတွဲလေးက ဒီနေ့မှာလည်း အင်္ကျီဆင်တူလေးတွေဝတ်ပြီး Photo Shooting လုပ်နေကြတာဖြစ်ပါတယ်။


Source : Davikha's IG Acc





