အရက်မူးနေချိန်မှာ စာရင်းသွင်းတဲ့ဖျော်ဖြေရေး အစီအစဉ်ကနေ သရုပ်ဆောင်ဖြစ်လာခဲ့သူ...

//s9.kh1.co/b2/b268052e8c3df79c63903f9cca21981ae6c1b7d7.jpg
အနုပညာရှင်များ

 ၀၄-သြ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဇာတ်ကားထဲမှာ သူ့ကို မင်းသား Song Kang-ho က ပါးရိုက်ခဲ့ပြီး ပြင်းထန်လွန်းတာကြောင့် ရုပ်ရှင်...

“Squid Game” ကြောင့် ကမ္ဘာကျော် စတားဖြစ်လာတဲ့ မင်းသား Heo Sung-tae ဟာ ရုပ်ရှင်နဲ့တူတဲ့ ဇာတ်လမ်းရဲ့ ဇာတ်ဆောင်လည်း ဖြစ်ပါတယ်။ အသက် 35နှစ် နှောင်းပိုင်းမှာ ပွဲဦးထွက်ခဲ့ပြီး နာမည်ကြီးသရုပ်‌ဆောင်အဖြစ် ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။ ဒါပေမယ့် အရင်တုန်းကတော့ သူ့မိသားစုနဲ့ အငြင်းအခုံဖြစ်ခဲ့ပေမဲ့ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ကထွက်ပြီး အောက်ခြေကနေ စတင်ခဲ့တာပါ။

https://s9.kh1.co/__image/w=320,h=410,q=100/5a/5aa19236dd61e499d87ccb4f4ae306094e5232d2.jpg

Heo Sung-tae ဟာ Geoje ကျွန်းရှိ သင်္ဘောကျင်းမှာ တစ်နှစ်လစာ ဝမ်သန်း 70 ဖြင့် ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ သူဟာကုမ္ပဏီမှ နှုတ်ထွက်ပြီး ၂၀၁၁ ခုနှစ်မှာ သရုပ်ဆောင် စစ်ဆေးမှု အစီအစဉ်တစ်ခုမှာ အဆင့် ၅ နေရာကို ရရှိခဲ့ပြီးနောက် အမည်မသိ သရုပ်ဆောင်တစ်ဦးအဖြစ် လမ်းကြောင်းကိုစတင် လျှောက်လှမ်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=610,h=915,q=100/29/294e631ec70b012196418a964567ace6ae8d0cbf.jpg

အဲ့ဒီနောက် “The Age of Shadows” မှာ ပါဝင်သရုပ်ဆောင်ခဲ့စဉ်က သူ့ကို လူသိများစေခဲ့သည်။ ဇာတ်ကားထဲမှာ သူ့ကို မင်းသား Song Kang-ho က ပါးရိုက်ခဲ့ပြီး ပြင်းထန်လွန်းတာကြောင့် ရုပ်ရှင်ကြည့်သူတော်တော်များများကို အထင်ကြီးစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=573,h=719,q=100/73/73997a5da72e67b72c5be30aa962c1d6fa607154.webp

အဲ့ဒီအချိန်ကို ပြန်ပြောင်းသတိရကာ ဟေဆွန်းတေးက သူ့အား ယုံကြည်ကိုးစားပြီး နောက်ကလိုက်လျှောက်ခဲ့တဲ့ ဇနီးဖြစ်သူအား အဆုံးမရှိ ကျေးဇူးတင်ကြောင်းပြောကာ ဇနီးသည်ရဲ့စကားကြောင့်သာမဟုတ်ရင် လက်ရှိလိုမင်းသား Heo Sung-tae ဖြစ်လာမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ “တကယ်တော့ ကျွန်တော့်ဇနီးက တက်ကြွစွာ အကြံပြုတဲ့အတွက် ကျွန်တော် သရုပ်ဆောင်ဖို့ စိန်ခေါ်ခဲ့ပါတယ်” ဆိုပြီး ဝန်ခံခဲ့သည်။ သူမက ကျွန်တော့်ကို အပြည့်အဝ ထောက်ခံပေးတယ်။” လို့ပြောပြီး

https://s9.kh1.co/__image/w=650,h=449,q=100/bb/bbdce00d7a77315c84775e60d3fecde33eaec2ad.webp

သူက “ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ တွေ့တဲ့အခါ အလုပ်ကိုတောင်ပြန်ပြီး သတိရမိပါတယ်။ “ကျွန်တော်သာ ကုမ္ပဏီက မထွက်ခဲ့ရင် အခုချိန်မှာ ကျွန်တော် မန်နေဂျာဖြစ်မှာပါ” လို့ အင်တာဗျူးတစ်ခုမှာ သူက ရယ်မောရင်း ဖြေခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=349,q=100/b8/b8b72ee25a2ba711494f9bfb16fa69d25f4954c3.webp

သူက “မသေခင်မှာ မင်းလုပ်ချင်တဲ့အရာတစ်ခုလုပ်ရတာ ကောင်းချီးတစ်ခုပါပဲ၊ ပြီးတော့ စိန်ခေါ်မှုကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိဖို့နဲ့ သင့်မိသားစုကို ထောက်ပံ့ပေးနိုင်တဲ့ ကောင်းမွန်တဲ့ ကောင်းချီးတစ်ခုလည်း ဖြစ်ပါတယ်။” တစ်ချိန်တည်းမှာပဲ မိခင်ဖြစ်သူအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါသည်။

https://s9.kh1.co/__image/w=650,h=1004,q=100/0b/0bb73b90d549200bf158c00833f50966116bbd47.jpg

အဲ့ဒီအတောအတွင်း မင်းသား Heo Sung-tae ဟာ “Hunt” ဇာတ်ကားနဲ့ ပြန်လည်ပြသခဲ့ပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T