ခပ်မိုက်မိုက် အထာ တွေနဲ့ ကိုးရီးယားစံနှုန်းတွေထဲက ထူးခြားစွာကွဲထွက်နေတဲ့ စတိုင်တွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ကြောက်ခမန်းလိလိပိုင်ဆိုင်ထားသူကတော့ ပရိသတ်အချစ်တော် မင်းသမီး ဟန်ဆိုဟီး ပဲဖြစ်ပါတယ်။


ဟန်ဆိုဟီး ဟာ အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လှုပ်ရှားလာခဲ့ပြီး အနုပညာနဲ့ပတ်သက်ရင် သေချာအသေးစိတ်ဂရုတစိုက်နဲ့ လုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားသူလေးဖြစ်ပါတယ်။


အရမ်းကြိုးစားတဲ့ ဟန်ဆိုဟီး တစ်ယောက် ယခုအခါမှာလည်း tvN ကထုတ်လွှင့်မယ့်'Gyeongseong Creature' ဒရမ်မာ ရုပ်သံဇာတ်လမ်းတွဲအတွက် အက်ရှင်အခန်း ရိုက်ကူးနေစဉ်မှာ ထိခိုက်မှုဖြစ်ပွားခဲ့တာကြောင့် ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။ ထိခိုက်မှု ဟာ မျက်လုံးနားမှာဖြစ်တာလို့သိရပြီး ပုံတစ်စုံတစ်ရာတော့ထွက်ပေါ်လာခြင်းတော့မရှိဘူးလို့သိရပါတယ်။









