ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ဘူတန်နိုင်ငံတွေက သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခြင်းခံရတဲ့ တာချီလိတ် ရွှေတြိဂံဒေသ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရဟာ လူအများက ကြည်ညိုလေးစားတဲ့ ထူးခြားတဲ့ ပါရမီရှင် တစ်ပါးဖြစ်ပါတယ်။ ဆရာတော်ကို လူတွေက မိုင်းဖုန်းဆရာတော်လို့ ခေါ်ကြပေမယ့် အမည်ရင်းက ဝုန်းစုမ့် ဖြစ်ပါတယ်။


ဆရာတော်တို့ မိသားစုဟာ ဆင်းရဲလွန်းတာကြောင့် အဝတ်တထည် ကိုယ်တခုစီနဲ့ မိသားတစုလုံးမှာ စောင်အနီလေးတထည်သာ ရှိကြောင်း၊ အဘွားနဲ့အတူပါလာတဲ့ ညီဝမ်းကွဲနဲ့ စောင်ကို အမြဲတမ်း ဟိုဘက်ဒီဘက် ဆွဲလုခြုံပြီး ဆောင်းတွင်းဆို မီးဖိုဘေးမှာပဲ ကွေးပြီး အိပ်ခဲ့ရတယ်လို့ ပြောပါတယ်။


ဆရာတော် ၁၁ နှစ်သားအရွယ်မှာ ကိုရင်ဝတ်ပြီး မိုင်းဖုန်းကို ပြန်ပြောင်းလာကြောင်း၊ ကိုရင်ငယ်ဘဝကစ အရွယ်နဲ့မလိုက်အောင် တရားထိုင်ခြင်း၊ ဘာဝနာပွားခြင်းတွေပြုပြီး နားထဲမှာ ဘုရားစာတွေ အလိုလိုကြားရကြောင်း၊ နမိတ်ရတာတွေလည်းရှိလို့ ထူးခြားတဲ့ ကိုရင်လေးအဖြစ် လူတွေရဲ့ ကြည်ညိုမှုကို ခံရပြီး လူသိများလာပါတယ်။ မိုင်းဖုန်းဆရာတော်ဟာ လူသူမနီး တောထဲတောင်ထဲ၊ ဂူထဲတွေမှာ တရားထိုင်လေ့ရှိပြီး နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းထိလည်း သွားရောက် တရားထိုင်ခဲ့ဖူးပါတယ်။


ဆရာတော်က မိုင်းကျက်ဂူမှ ၃နှစ်၊ ၃လ၊ ၃ရက် အဓိဌာန်အောင်ခဲ့ပြီး ဩဂုတ် (၁) ရက်မှာ ဂူမှ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ သာသနာပြု ခရီးတစ်လျှောက်လုံး ဆရာတော်ကို လာရောက်ဖူးမျှော်တဲ့သူတွေ တောရောမြို့ပါမကျန် နေရာတိုင်းမှာ လူတွေပြည့်လျှံနေတာ တွေ့ရတော့ ဆရာတော်ရဲ့ မေတ္တာဓာတ်ကို ပိုကြည်ညိုလေးစားမိတယ်။


ဆရာတော်ရဲ့ ငယ်ငယ်ကပုံရိပ်လေးတွေကို မြင်ဖူးရအောင် စာဖတ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...







သတင်း အရင်းအမြစ်៖ စာပေ အလင်း ရောင်





