KBS 2TV ရဲ့ အသစ်ထွက်မယ့် ဒရာမာဖြစ်တဲ့ “Love according to the Law” ဇာတ်ကားဟာ ချစ်သူနှစ်ဦးကြားမှာရှိတဲ့ Romantic ဇာတ်လမ်းဖြစ်ပြီး နာမည်ကြီး webtoon ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။


အချစ်ဟာသကားလေးဖြစ်တဲ့ အဆိုပါဇာတ်ကားက ဥာဏ်ကြီးရှင် အစိုးရရှေ့နေဟောင်း Kim Jung Ho နဲ့ သူမရဲ့လက်ထောက်ဖြစ်တဲ့ ရှေ့နေ Kim Yu Ri တို့အကြောင်း ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဆိုပါဒရာမာမှာ ပါဝင်မယ့် မင်းသားမင်းသမီးတွေက လွန်ခဲ့တဲ့ လေးနှစ်က နာမည်ကြီးဒရာမာဖြစ်တဲ့ “Hwayugi” မှာ အတူပါဝင် သရုပ်ဆောင်ခဲ့ဖူးကြပါတယ်။


အိမ်ပိုင်ရှင်နဲ့ အိမ်ငှားအဖြစ် မတွေ့ဆုံခင်မှာ Kim Jung Ho (Lee Seung Gi) နဲ့ Kim Yu Ri (Lee Se Young) တို့ဟာ ဥပဒေကျောင်းက ကျောင်းသားတွေအဖြစ် ပထမဆုံး သိကျွမ်းခဲ့ကြတာဖြစ်ပါတယ်။ Kim Jung Ho နေရာမှာ (Lee Seung Gi) က ပါဝင်ထားတာဖြစ်ပြီး ရှေ့နေ့တစ်ယောက်အဖြစ် ရိုက်ဖူးခဲ့သူမို့ သူ့အနေနဲ့ ခက်ခဲမယ်လိုတော့ မထင်ပါဘူး။


Kim Yu Ri အဖြစ် မင်းသမီး (Lee Se Young)က ပါဝင်မှာ ဖြစ်ပါတယ်။ “Love according to the Law”ဇာတ်ကားကို Aug လ ည၉:၃၀ မှာ KST မှာ ထုတ်လွှင့်ပြသတော့မှာပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ soompi





