မင်းသမီး Han So Hee ဟာ ဆွဲဆောင်မှုရှိတဲ့ တင်ပါးဆုံပေါ်ကတက်တူးကြောင့် လေဆိပ်မှာ အာရုံစိုက်ခံခဲ့ရ ပါတယ်။ Han So Hee က ဇိမ်ခံဖက်ရှင်အမှတ်တံဆိပ် Balenciaga ရဲ့ ပွဲတက်ဖို့ အတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို မထွက်ခွာမီ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇူလိုင်လ ၁၈ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။

လေဆိပ်မှာ မင်းသမီးက cropped လက်တိုတီရှပ်၊ ဂျင်းဘောင်းဘီ ခါးနိမ့်နဲ့အတူ Y2K ဖက်ရှင်ပုံစံ ဝင့်ကြွားနေခဲ့ တာပါ။ ဂျင်းဘောင်းဘီခါးနိမ့်ဝတ်ဆင်ထားတာကြောင့် Han So Hee ရဲ့ တင်ပါးဆုံပေါ်က တက်တူးဟာလည်း ပေါ်လွင်နေခဲ့ပါတယ်။တက်တူးပုံစံကတော့ အကိုင်းအခက် အပွင့်များနဲ့ အရွက်များပါတဲ့ တက်တူးပုံစံမျိုးပဲဖြစ်ပါတယ်။

အဲ့ဒီတက်တူးကို Balenciaga က တင်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေမှာလည်း တွေ့ခဲ့ရပါသေးတယ်။ အရင်က Han So Hee ရဲ့လက်မောင်းမှာ တက်တူးအမျိုးမျိုးရှိခဲ့ပြီး သရုပ်ဆောင်ပွဲဦးမထွက်ခင်မှာ ဖျက်ပစ်ခဲ့တာပဲဖြစ်ပါတယ်။

မင်းသမီး Han So Hee ဟာ ၂၀၂၀ ခုနှစ်ရဲ့ The World of the Married ဇာတ်ကားက စတင်ပြီး ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာတော့ JTBC ရဲ့ အချစ်ဒရာမာဇာတ်လမ်းတွဲ “ Nevertheless” ကို မင်းသား Song Kang နဲ့အတူ သရုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် Netflix ရဲ့ အက်ရှင်ဒရာမာ My Name မှာလည်း အဓိကသရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပါ သေးတယ်။ ၂၀၂၂ ခုနှစ်မှာတော့ မင်းသမီးဟာ Park Hyung-sik နဲ့အတူ အပိုင်း (၄) ပိုင်းပါရှိတဲ့ Disney+ mini ဖြစ်တဲ့ Soundtrack #1 မှာ ပါဝင်ခဲ့ပါတယ်။





