မင်္ဂလာပွဲမတိုင်ခင်မှာ ကိုယ်ဝန်ရှိသွားပြီဖြစ်ကြောင်း အသိပေးလာတဲ့ တောင်ကိုရီးယားမင်းသမီး

//s9.kh1.co/08/08bfc69f47b99f702dd9ddf613259c1065ba34e0.jpeg
အနုပညာရှင်များ

 ၃၀-လိုင်-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

မင်္ဂလာပွဲမတိုင်ခင်မှာ ကိုယ်ဝန်ရှိသွားပြီဖြစ်ကြောင်း အသိပေးလာတဲ့ တောင်ကိုရီးယားမင်းသမီး

တောင်ကိုရီးယားမင်းသမီး Lee Yena ဟာဆိုရင် မင်္ဂလာပွဲ မကျင်းပခင်မှာပဲ ကိုယ်ဝန်ရှိသွားပြီဖြစ်တဲ့အကြောင်းကိုဝေမျှပေးလာခဲ့ပါတယ်။ Yena နဲ့ သူမရဲ့ ခင်ပွန်းလောင်းဖြစ်သူ ဘိုးလင်း ကစားသမားတို့က စေ့စပ်ရုံသာ စေ့စပ်ထားကြပြီး လက်မထပ်ကြရသေးပါဘူး။ 

Google 
Google 
Google
Google

ဒီအကြောင်းကို Lee Yena က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဇူလိုင်လ ၃၀ ရက်နေ့က “တန်ဖိုးရှိတဲ့ ဘဝလေးက မင်္ဂလာပွဲ မကျင်းပခင်မှာ အရင်ရောက်လာခဲ့တယ် .. “  ဆိုတဲ့ စာသားလေးနဲ့အတူ ဓာတ်ပုံလေးတစ်ပုံနဲ့ တွဲပြီး တင်ပေးလာတာဖြစ်ပါတယ်။ 

Google
Google

ဓာတ်ပုံလေးထဲမှာ သန္ဓေသား ရဲ့ အာထရာဆောင်း ပုံလေးကို ရှင်းရှင်းလင်းလင်း တွေ့ရပြီး ကိုယ်ဝန်စမ်းတဲ့ကိရိယာထဲမှာ နှစ်ကြောင်း ပေါ်နေတာပါ ပြသထားပါတယ်။ 

Google
Google

တစ်ရက်တည်းမှာပဲ Yena က သူမ ခင်ပွန်းလောင်းဖြစ်သူရဲ့ အင်စတာဂရမ် အကောင့်ကို Tag တွဲပြီး အဖေဖြစ်လာတဲ့အတွက် ဂုဏ်ယူကြောင်း စာသားလေး တင်ခဲ့ပါတယ်။ 

Google
Google

Yena က သူမရဲ့ မင်္ဂလာပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တဲ့ အတွက် ကောင်းချီးပေးကြပါဦးလို့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါသေးတယ်။ 

Google
Google

Yena မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းတွေ ပြန့်နှံ့လာတာနဲ့ တစ်ပြိုင်နက် ပရိသတ်တွေက ဇနီးမောင်နှံနှစ်ဦးကိုဂုဏ်ပြုပေးခဲ့ကြပါတယ်။

Lee Yena ဟာ ၂၀၀၄ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး “Angel's Last Mission: Love”၊ “The Rich Son” နှင့် “Circle: Two Worlds Connected” ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း  Mnet ရဲ့ reality show ဖြစ်တဲ့ “Somebody 2” တွင်ပါဝင် ခဲ့ပါသေးတယ်။ 

Google
Google
Google
Google

ဂုဏ်ယူပါတယ် ကောင်မလေးရေ .. မင်္ဂလာပွဲမှာလည်း ဗိုက်လုံးလုံးလေးနဲ့ အတူ အလှဆုံး လေးဖြစ်နေပေးပါနော်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T