BLACKPINK အဖွဲ့ဟာ K-pop လောကရဲ့ အအောင်မြင်ဆုံး အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပါတယ်။ မိန်းကလေးတွေဟာ အမိုက်စားသီချင်းတွေတင်မကဘဲ တခြားနယ်ပယ်တွေမှာလည်း သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်လဲ မိန်းကလေး ၄ ယောက်ရဲ့ ဝင်ငွေက မနည်းလှပါဘူး။ ပိုက်ဆံအများကြီးရှိပေမဲ့လည်း ကောင်မလေးတွေအနေနဲ့ အထူးသဖြင့် Jennie ဟာစျေးဝယ်တဲ့အခါ ဈေးဆစ်ဖို့ မမေ့သေးပါဘူး။

BLACKPINK ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Jennie ဟာ ဈေးဝယ်သည့်အခါ ဈေးဆစ်လေ့ရှိကြောင်း ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။ ဆိုင်ရှင်ကို လျှော့စျေးပေးနိုင်ဖို့ သူမဟာ ချစ်စရာအမူအရာလေးတွေ လုပ်ပြလေ့ရှိကြောင်း သိရပါတယ်။

YouTube ချန်နယ် The Swoon ရဲ့ 'Who, Me?' အစီအစဉ်မှာ Jisoo က ရောင်းသူက ဈေးမလျှော့တော့ဘူးလို့ သေချာနေတဲ့ နောက်ဆုံးမိနစ်မှာတောင် Jennie က ရောင်းသူအား လျှော့စျေးမပေးပေးအောင် ကြိုးစားလေ့ရှိပါတယ်။ ဒါကြောင့် Jisooသာမက အဖွဲ့ဝင်အားလုံး Jennie ကို သဘောကျစေတယ်။ လို့ပြောပြခဲ့ပါတယ်။

အဖွဲ့ဝင်တွေက Jennie နဲ့ ဈေးဝယ်ထွက်ဖို့ ငြင်းဆိုရတဲ့ အကြောင်းအရင်းက ပရိသတ်တွေကို ပိုပြီး အံ့အားသင့်စေခဲ့ပါတယ်။ ဈေးဝယ်ထွက်ရင် Jennie ဟာ အဖွဲ့ဝင်တွေကို ပစ္စည်းတွေဝယ်ဖို့ တိုက်တွန်းလေ့ရှိပြီး၊ အထူးသဖြင့် Lisa ဟာ အတိုက်တွန်းခံရဆုံး တစ်ယောက်ဖြစ်ပါတယ်။

Jennie ဟာ စိတ်ဝင်စားဖွယ်ပစ္စည်းများကို အမြဲရှာဖွေပြီး Lisa ကို ဝယ်ယူဖို့ ဆွဲဆောင်ခဲ့ပေမယ့် အတူတူ ဈေးဝယ်ထွက်တိုင်း လက်ဗလာနဲ့ အိမ်ပြန်ရလေ့ရှိပါတယ်။ ဒါကြောင့် Lisa ဟာ Jennie နဲ့ဈေးဝယ်ရတာကို သိပ်သဘောကျလေ့မရှိကြောင်း သိရပါတယ်။


Jennie နဲ့ ပတ်သက်တဲ့ ဒီအချက်က သူမရဲ့ ခပ်မိုက်မိုက် အသွင်အပြင်ကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ အကျင့်စရိုက်နဲ့ ဈေးဝယ်ခြင်းကို ဝါသနာပါတာကြောင့် ကြည့်ရှုသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ယခုအချိန်အထိ BLACKPINK ဟာ အအောင်မြင်ဆုံးအဖွဲ့များထဲမှ တစ်ခုဖြစ်ပြီး သူတို့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ သီချင်းတွေကိုသာမက ချစ်စရာကောင်းပြီး ဖော်ရွေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်ခင်အားပေးကြပါတယ်။
Photos- creditSource- KBIZOOM





