ဇာတ်လမ်းတွဲတွေ ဆက်မရိုက်တော့ဘဲ သာမန်ကလေး ၂ ယောက်အဖေအဖြစ်သာ နေထိုင်နေတဲ့ Han Jae Suk

//s9.kh1.co/aa/aa5d9ad88d46f9a37d916c884fa2ab95c80dbace.jpeg
အနုပညာရှင်များ

 ၃၀-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ဇာတ်လမ်းတွဲတွေ ဆက်မရိုက်တော့ဘဲ သာမန်ကလေး ၂ ယောက်အဖေအဖြစ်သာ နေထိုင်နေတဲ့ Han Jae Suk

တောင်ကိုရီးယားမင်းသား Han Jae Suk ဟာဆိုရင် ဟေမန်ဆောင်းရဲ့ ချစ်သံစဉ် ဇာတ်လမ်းတွဲနဲ့ မြန်မာ ပရိသတ်တွေကြားမှာ ကင်ဝူဂျင်းလို့ လူသိများခဲ့တဲ့ သူဖြစ်ပါတယ်။ 

Google
Google

Han Jae Suk ဟာ ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ နာမည်ရအောင်မြင်ခဲ့တဲ့သူဖြစ်ပေမယ့်လည်း သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို တောင်ကိုရီးယား ပရိသတ်တွေက အရမ်းမကြိုက်ဘူးလို့ သိရပါတယ်။ မျက်နှာ အမူအရာအားဖြင့် ခံစားချက် ဖော်ပြမှု အားနည်းတဲ့ Han Jae Suk ဟာနောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာလည်းအဓိကသရုပ်ဆော င်နေရာ မရရှိခဲ့ပါဘူး။ 

Google
Google

Han Jae Suk က သရုပ်ဆောင်ပိုင်း အားနည်းရုံသာမက ဇာတ်ညွှန်း ရွေးချယ်တဲ့နေရာမှာလည်း တူနေတဲ့ဇာတ်ညွှန်းတွေကို ထပ်ကာထပ်ကာ ပြန်ပြီး လက်ခံလေ့ရှိတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း Han Jae Suk က မကြိုးစားတဲ့သူတော့ မဟုတ်ပါဘူး။ အမှားတွေ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ပြန်လည်ပြင်ဆင်ပြီး နေရာတစ်နေရာ ရအောင်ယူနိုင်ခဲ့ပါတယ်။ ကြိုးစားအားထုတ်မှု ကောင်းပေမယ့်လည်း ပြိုင်ဘက်သရုပ်ဆောင်တွေကြားမှာHan Jae Suk ရဲ့ နေရာက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ 

Google
Google

Han Jae Suk က သရုပ်ဆောင်အလုပ်ကို ဝါသနာပါလွန်းလို့ လုပ်နေရတယ်ဆိုပေမယ့် ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်က တောင်ကိုရီးယား ကား ကုမ္ပဏီ KIA Group ရဲ့ ဥက္ကဌကြီး ဖြစ်ပါတယ်။ ဒါကြောင့်Han Jae Suk က ငွေရေးကြေးရေးအားဖြင့် ပြောစရာမလိုအောင် ကြွယ်ဝချမ်းသာပါတယ်။ 

Google
Google

Han Jae Suk က ၂၀၁၀ ခုနှစ်မှာ Giant Merchant Geumwande ဇာတ်လမ်းရိုက်ကူးရင်းနဲ့ မင်းသမီး  Park Sol Mae နဲ့ မေတ္တာမျှခဲ့ပါတယ်။ သူတို့ နှစ်ဦးက ၃ နှစ်ကြာ ချစ်ကြိုက်ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ 

Google
Google
Google
Google
Google
Google

လက်ထပ်ပြီး တစ်နှစ်အကြာမှာ အကြီး ဆုံးသမီးလေးကို ဖွားမြင်ခဲ့ပါတယ်။ သမီးလေးမွေးပြီး နောက်ထပ်သားဦးလေး တစ်ယောက်ကို ထပ်မံရရှိပိုင်ဆိုင်ခဲ့ပါတယ်။ လက်ရှိမှာဆိုရင် သား၊ သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင် ထားပါတယ်။ 

Google
Google
Google
Google
Google
Google

မိသားစုဝင် ၄ ယောက်ကို ဂရုစိုက်ပေးဖို့အတွက် အနုပညာ အလုပ်တွေ ဆက်ပြီး မလုပ်တော့ဘဲ သာမန်လူတစ်ယောက်လိုမျိုး နေထိုင်နေတဲ့ တစ်ချိန်က မင်းသားကြီး Han Jae Suk အကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။ 

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T