အနေဝေးပေမယ့် ဇနီးသည်အပေါ် သစ္စာရှိနေဆဲဆိုတာ သက်သေပြလိုက်တဲ့ Hyun Bin

//s9.kh1.co/71/713be556607d91b8a087003aa72594c1401b1984.jpeg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

အနေဝေးပေမယ့် ဇနီးသည်အပေါ် သစ္စာရှိနေဆဲဆိုတာ သက်သေပြလိုက်တဲ့ Hyun Bin

တောင်ကိုရီးယား အနုပညာရှင်တွေ ဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့က လူတိုင်း အားကျရတဲ့ စုံတွဲလေးဖြစ်ပြီးအရမ်းလည်း ချစ်ကြပါတယ်။ Hyun Bin က အီတလီနိုင်ငံကို ၄ ရက်ကြာ အလုပ်ကိစ္စနဲ့ သွားခဲ့ပြီးတဲ့နောက်မှာ ကိုရီးယားနိုင်ငံကို ပြန်လာခဲ့ပါတယ်။ Hyun Bin ရဲ့လေဆိပ်အဝင် ဓာတ်ပုံလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်စားလျက်ရှိပါတယ်။ 

Google
Google

Hyun Bin နဲ့ Son Ye Jin တို့စုံတွဲက လက်ထပ် လက်စွပ်အစား စုံတွဲလက်ကောက်လေးသာဝတ်ခဲ့ကြတယ်လို့ သိရပါတယ်။ စုံတွဲလက်ကောက်လေးကို မပျက်ဝတ်ခဲ့တဲ့ Hyun Bin ရဲ့ ပုံရိပ်လေးတွေကို ဓာတ်ပုံလေးတွေထဲမှာ မြင်တွေ့နိုင်ပါတယ်။ 

Google
Google
Google
Google
Google
Google

Hyun Bin က ခရီးစဉ်အရှည်ကြီး သွားလို့ရတာကို မသွားဘဲ အလုပ်ပြီးတာနဲ့ တန်းပြီး ပြန်လာခဲ့တာလည် ကိုယ်ဝန်သည် ဇနီးလေးကို စိတ်မချတာကြောင့်လို့ သိရပါတယ်။ 

Google
Google

မင်္ဂလာပွဲအခန်းအနားမှာ သူတို့စုံတွဲက လက်ထပ်လက်စွပ်လေးတွေ အချင်းချင်း ဝတ်ပေးခဲ့ကြပေမယ့် အပြင်မှာတော့ အဲဒီလက်စွပ်လေးတွေကို မဝတ်ခဲ့ကြပါဘူး။ မင်္ဂလာလက်စွပ် မဝတ်ခဲ့ကြပေမယ့် စုံတွဲလက်ကောက်လေးတွေကိုတော့ ဝတ်ဆင်ခဲ့ကြပါတယ်။ Son Yin Jin ကလည်း ခင်ပွန်းဖြစ်သူ ကိုယ်တိုင်ဒီဇိုင်းဖော်ပေးထားတဲ့ လည်စွဲလေးကို တန်ဖိုးထားပြီး ဝတ်ဆင်လေ့ရှိပါတယ်။ 

Google
Google
Google
Google

သူတို့ နှစ်ဦးက အချင်းချင်း ချစ်ကြိုက်နေကြတယ်ဆိုတာကို ဖော်ပြဖို့ လက်ထပ်လက်စွပ် မလိုအပ်ဘူးဆိုတာသက်သေပြခဲ့တဲ့ နာမည်ကြီး စုံတွဲလေးလည်း ဖြစ်ပါတယ်။

Google
Google
Google
Google

အနေဝေးပေမယ့် ဇနီးသည်ကို ချစ်နေဆဲ သစ္စာရှိနေမြဲ ဆိုတာကို စုံတွဲ လက်ကောက်လေးနဲ့ သက်သေပြခဲ့တဲ့ Hyun Bin ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T