အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို ခေါ်ယူမွေးစားတဲ့ မေမေခိုင်နှင်းဝေကတော့ ပြည်သူတွေချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်ပရဟိလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်နေတာကြောင့် သူမရဲ့ စိတ်ဓာတ်လေးကို လေးစားနေကြတာ ဖြစ်ပါတယ်။
သူမကတော့ မိဘမဲ့ကလေးတွေကို မိခင်အရင်းသဖွယ် စေတနာ ဂရုဏာအပြည့်နဲ့ ပြုစုစောင့်ရှောက်ပေးနေတဲ့ မေတ္တာရှင် မေမေတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာလဲ အနာတရတွေဖြစ်နေတဲ့ အညိုမဲတွေစွဲပြီး စွန့်ပစ်ခံထားရတဲ့ ကလေးလေးကို ခေါ်ယူမွေးစားခဲ့ပါတယ်။
ခိုင်နှင်းဝေက " စွန့်ပစ်ခံရတဲ့ သဲကုန်းသားလေး ကျမဆီ ရောက်လာပါပီရှင်...စိတ်မကောင်းစရာကတော့ ကလေးက တကိုယ်လုံး အညိုအမဲများစွဲနေပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့ အနေအထားလေးပါ..ဇစ်မြစ်များ သေချာ မသိပေမဲ့ အတတ်နိုင်ဆုံး အရေးပေါ်ကုသပေးပါသော ရန်ကင်း ကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်..ကံကောင်းကျန်းမာပါစေလို ကျမ ဆုတောင်းရင်း အသက် တစ်ချောင်းကို ကယ်တင်ခွင့်ရပါစေရှင်..???" ဆိုပြီးတော့ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Khine Hnin Wai's FB Acc