မင်းသားကြီး လီဗြောင်ဟွန်းက "Emergency Declaration" ဇာတ်ကားမှာ လေယာဉ်စီးကြောက်တဲ့ ဇာတ်ကောင်အဖြစ် ဘယ်လိုသရုပ်ဆောင်ခဲ့လဲတာကို ပြောပြလာပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့ ဆိုးလ်မြို့ Megabox COEX၊ Gangnam-gu ရှိ ဒါရိုက်တာ Han Jae Rim ရဲ့ "Emergency Declaration" ဇာတ်ကား သတင်းစာရှင်းလင်းပွဲမှာ ဒါရိုက်တာနဲ့ သရုပ်ဆောင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီနေ့မှာ လီဗြောင်ဟွန်းက သူဟာ ဇာတ်ကောင်အဖြစ် ထိတ်လန့်တုန်လှုပ်မှု မဖြစ်ပေါ်ခဲ့ပေမယ့်လည်း အကြောင်းတစ်ခုခုကြောင့် လေယာဉ်စီး ကြောက်ရွံ့တဲ့သူတစ်ယောက် ဖြစ်ခဲ့ကြောင်းနဲ့ အဲဒါကို အတိုင်းအတာတစ်ခုအထိ ဖော်ပြချင်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နောက်ပြီး အသက် ၂၀ အရွယ်လောက်က လေယာဉ်ပေါ်မှာ ထိတ်လန့်တုန်လှုပ်ချောက်ချားမှုတွေ ကြုံတွေခဲ့ဖူးတယ် လို့ လည်း ဝန်ခံခဲ့ပါသေးတယ်။

မင်းသားကြီးက အဲဒီအချိန်လောက်ကတည်းက ထိတ်လန့်ရောဂါလက္ခဏာတွေကို အကြိမ်ပေါင်းများစွာ ခံစားခဲ့ရတာဖြစ်ကြောင်းနဲ့ ပရိသတ်ကို ထပ်တူခံစားနိုင်စေဖို့အတွက်လည်း အဲဒီခံစားချက်တွေကို ဖော်ပြချင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ လက်တွေ့ဘဝမှာ ထိတ်လန့်တုန်လှုပ်ချောက်ချားခဲ့ရတဲ့ အတွေ့အကြုံ က ဇာတ်ကောင်ကို သရုပ်ဖော်ရာမှာ အထောက်အကူဖြစ်စေခဲ့ကြောင်းကိုလည်း ဆက်ပြောခဲ့ပါတယ်။

လီဗြောင်ဟွန်းပါဝင်သရုပ်ဆောင်ထားတဲ့ “Emergency Declaration” ဇာတ်ကားကိုတော့ သြဂုတ် ၃ ရက်နေ့မှာ စတင်ပြသသွားမှာပဲဖြစ်ပါတယ်။

source - kbizoom