BTS အဖွဲ့ဝင် Jimin မှာ ချစ်သူရှိနေပြီဆိုတဲ့ သတင်းများထွက်ပေါ်

//s9.kh1.co/ad/ade86b394acc1fd7ba42a7e4a8ce94cbc81f0efa.jpeg
အနုပညာရှင်များ

 ၂၅-လိုင်-၂၀၂၂ ၆pm · လွန်ခဲ့သော ၃ နှစ် က

BTS အဖွဲ့ဝင် Jimin မှာ ချစ်သူရှိနေပြီဆိုတဲ့ သတင်းများထွက်ပေါ်

တောင်ကိုရီးယား ယောက်ျားလေးများ အဆိုတော် အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jimin မှာ ချစ်သူကောင်မလေး ရှိနေပြီဆိုတဲ့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းက ကေပေါ့အဖွဲ့ဝင်တွေနဲ့ ပတ်သတ်ပြီးအချေအတင်ပြောကြတဲ့ Pannchoa ဝဘ်ဆိုဒ်ကနေ ထွက်ရှိလာတာဖြစ်ပါတယ်။ Pannchoa ဝဘ်ဆိုဒ် မှာ လူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ Jimin ရဲ့ ကောင်မလေးဆိုသူက မင်းသမီး Song Da Eun ဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google

Pannchoa ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ အထောက်အထားတွေအရ Jimin က မကြာသေးမီက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ စုံတွဲ လည်ဆွဲလေးတွေ၊ လက်ကောက်လေးတွေနဲ့ ၊ နားကပ်လေးတွေရဲ့ ဓာတ်ပုံတွေ မျှဝေခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာလည်း follower အရေအတွက် အတူတူဖြစ်နေကြောင်း နဲ့ဘောလုံးပွဲတွေကိုလည်း အတူတူ သွားကြည့်ဖူးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ 

Pannchoa
Pannchoa

Jimin နှင့် Da Eun တို့ဟာ ဇွန်လ ၂၉ ရက်နေ့ ၊ ၂၀၂၂ ခုနှစ်မှာ တူညီသော နားကပ်ကို ၀တ်ဆင်ခဲ့ကြပြီး ဇူလိုင်လ ၈ရက် နေ့မှာ  လေးမိနစ်ခြားကာ Instagram story ကို ဖန်တီးခဲ့ကြောင်း အင်တာနက်သုံးစွဲသူများက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ 

အွန်လိုင်းအသိုင်းအဝန်းအသုံးပြုသူတစ်ဦးက လည်း BTS Jimin ကို ဘောလုံးပွဲတစ်ခုမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ တစ်ချိန်တည်း တစ်နေရာတည်းမှာပဲ Da Eun ကလည်း သူမရဲ့ မွေးနေ့မှာ ဘောလုံးပွဲကြည်နေတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။ ဒါကြောင့် Jimin နဲ့ Da Eun တို့ကတစ်နေရာတည်းမှာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။ 

Pannchoa
Pannchoa

နောက်တစ်ခုက Jimin ကြည့်ဖို့ညွှန်းထားတဲ့ Allied ရုပ်ရှင်ကို Song Da Eun က ကြည့်ခဲ့တယ်လို့ အခိုင်အမာဖော်ပြထားပါတယ်။ Jimin က သူ့ရဲ့အားလပ်ချိန်မှာ လုပ်ရတာ ဝါသနာပါတဲ့ အရာလေးတွေကို Peony ပန်းပင်စိုက်ခြင်း နဲ့ ရာဘာ ပင်စိုက်ခြင်းလို့ ဖော်ပြခဲ့ဖူးပါတယ်။ တိုက်ဆိုင်မှုလား ဆက်နွယ်မှု တစ်ခုပဲလားတော့ မသေချာပေမယ့် Song Da Eun  က peony ပင်လေးတွေကို ကြိုက်ပြီး ရာဘာပင်လေးတွေနဲ့ ဓာတ်ပုံတွေ တင်ခဲ့ဖူးပါတယ်။ 

Pannchoa
Pannchoa
Pannchoa
Pannchoa

BTS ပရိသတ်တွေကတော့ အဆိုပါသတင်းကို လက်ခံခြင်း မရှိဘဲ အခြေအမြစ်မရှိ ဖန်တီးထားတဲ့ သတင်းတစ်ခုပဲဖြစ်တယ်လို့ ဆိုထားကြပါတယ်။ 

Pannchoa
Pannchoa
Pannchoa<br>
Pannchoa
Twitter&nbsp;
Twitter 

ဒီသတင်းက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးကိုလေးစားပေးကြဖို့ တချို့ ပရိသတ်တွေကလည်း ဆိုထားကြပါတယ်။ ပရိသတ်ကြီးရော ဘယ်လိုထင်လဲ .. ဒီသတင်း မှန်တယ်လို့ ထင်လား?

Google
Google
Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T