နယူးယောက်မှာရှိတဲ့ သူ့ရဲ့ကြီးကျယ်ခန်းနားတဲ့ အိမ်ကြီးကိုထုတ်ပြလိုက်တဲ Gong Hyo-jin ရဲ့ကောင်လေး

//s9.kh1.co/fd/fdc7e524ad1b82e6d1368bf33d3659b71f0858f5.jpg
အနုပညာရှင်များ

 ၂၅-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

နယူးယောက်မှာရှိတဲ့ သူ့ရဲ့ကြီးကျယ်ခန်းနားတဲ့ အိမ်ကြီးကိုထုတ်ပြလိုက်တဲ Gong Hyo-jin ရဲ့ကောင်လေး

တောင်ကိုရီးယားမင်းသမီး Gong Hyo-jin ဟာဆိုရင် သူမထက် ၁၀ နှစ်ငယ်တဲ့ အဆိုတော်ကောင်လေး Kevin Oh နဲ့ တွဲနေခဲ့တာဖြစ်ပါတယ်။ Kevin Oh ဟာဆိုရင် ကိုရီးယား-အမေရိကန် ကပြားလူမျိုးလေးဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ အသံလေးနဲ့ ချောမောလွန်းတဲ့ ရုပ်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့သူလေးဖြစ်ပါတယ်။ Kevin Oh က ရုပ်ချောသလို ချမ်းသာကြွယ်ဝတဲ့ ရွှေပေါ်မြတင် သူဌေးသားလေးလည်း ဖြစ်ပါတယ်။

Google
Google

Kevin Oh က မကြာသေးမီကမှ မမ Gong Hyo-jin နဲ့ တွဲနေတယ်လို့ သတင်းထွက်ရှိထားတာ ဖြစ်ပါတယ်။ ဒီကနေ့ ၂၅ ရက် နေ့မှာတော့ မမ Gong Hyo-jin ရဲ့ ကောင်လေး Kevin Oh တင်ထားတဲ့ ပုံရိပ်လေးက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူပြောများနေခဲ့ပါတယ်။ Kevin Oh က သူ့ရဲ့ နယူးယောက်က အိမ်မှာ ရိုက်ကူးထားတဲ့ ပုံရိပ်လေးကို “Yumi’s Cells 2 ရဲ့ ဇာတ်ဝင်သီချင်းလေးကို နယူးယောက်ဂိုထောင်မှာ အသံသွင်းပြီးပါပြီ .. ငှက်ကလေး သံစဉ်လေးကို ကြားရလား .. ကောင်းတယ်နော်” ဆိုပြီး စာသားလေးနဲ့ တင်ပေးလာတာဖြစ်ပါတယ်။

Google
Google

Kevin Oh ရဲ့ နယူးယောက်အိမ်လေးက သပ်သပ်ရပ်ရပ်ရှိပြီး တန်ဖိုးရှိတဲ့ ပုံစံလေး ဖြစ်နေတာကြောင့် Netizen တွေက မမ Gong Hyo-jin တစ်ယောက် သူဌေးသားလေးရဲ့ နှလုံးသားကို ရထားတာဆိုပြီး အားကျနေကြပါတယ်။

Google
Google

အဆိုတော်လေး Kevin Oh က သူချစ်ရတဲ့ မမ Gong Hyo-jin နဲ့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ သူတို့ချစ်သူနှစ်ဦးက အသက်အရွယ်အားဖြင့် ဆယ် စုနှစ်လောက် ကွာခြားပေမယ့် တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီး နားလည်မှု အပြည့်ရှိတဲ့ စုံတွဲလေးဖြစ်ပါတယ်။ Gong Hyo-jin က လက်ရှိမှာ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Ask the Stars ကို ရိုက်ကူးနေတာဖြစ်ပါတယ်။

Google
Google
Google
Google

Kevin Oh ကတော့ သူနေထိုင်တဲ့ အမေရိကားကို ရောက်ရှိနေပြီး သီချင်းတွေ လုပ်နေတာဖြစ်ပါတယ်။ နှစ်ဦးသားက လက်ရှိမှာ တစ်ယောက် တစ်နိုင်ငံဆီကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ လက်ထပ်ပြီးကြရင်တော့ မမ Gong Hyo-jin က မောင်လေးရှိရာ အမေရိကားကို လိုက်မှာလား … မောင်လေးကပဲ မမနဲ့ အတူ တောင်ကိုရီးယားမှာ လာနေကြမှာလားဆိုတာလေးကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်နော်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T