မင်္ဂလာဆောင်ဓာတ်ပုံတွေကို ချပြလာခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Jeon So-min

//s9.kh1.co/5c/5cf0571b720f19fbc10376d53db5490a6adac999.webp
အနုပညာရှင်များ

 ၂၅-လိုင်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

တကယ်ကြီး မင်္ဂလာဆောင်သွားတာလား ? သူမက “July လရဲ့ သတို့သမီး” ဖြစ်လာတော့မှာလား ??

မင်းသမီး Jeon So-min က သူမရဲ့ မင်္ဂလာဝတ်စုံနဲ့ ဓာတ်ပုံတွေကို ချပြခဲ့ပါတယ်။ ဇူလိုင်လ 25 ရက်နေ့ မနက်အစောပိုင်းမှာတော့ Jeon So-min ဟာ မင်းသား Na In-woo နဲ့ ရိုက်ကူးထားတဲ့ မင်္ဂလာဓာတ်ပုံတစ်ချို့နဲ့ “Goodbye ‘Cleaning Up" ကျွန်မတို့နဲ့ အတူရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ အားလုံးကိုချစ်တယ်။ ပျော်ရွှင်ပါစေ"ဆိုတဲ့ Caption လေးနဲ့ရေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : kbizoom
Photo Credit : kbizoom

Jeon So-min ရဲ့ ပိုစ့်ကို ကြည့်ပြီး အင်တာနက်သုံးစွဲသူတွေက “ကျွန်မတို့ ဒီဒရာမာကို အရမ်းကြိုက်တယ်”၊ “မင်းတို့နှစ်ယောက် အတူတူကြည့်ရတာ အရမ်းချစ်စရာကောင်းတယ်”၊ “မင်းတကယ်လက်ထပ်တော့မယ်လို့ ထင်ခဲ့တာ” စသဖြင့် Comment တွေ ပေးခဲ့ကြပါတယ်။

Photo Credit : kbizoom
Photo Credit : kbizoom

Jeon So-min နဲ့ Na In-woo တို့က JTBC ရဲ့ ဒရာမာ ဖြစ်တဲ့ “Cleaning Up” ဒရမ်မာ မှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့ကြပါတယ်။ Jeon So-min က သန့်ရှင်းရေးသမား Ahn In-kyung အဖြစ် သရုပ်ဆောင်ထားပြီး Na In-woo က Lee Doo-yeong နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Photo Credit : kbizoom
Photo Credit : kbizoom

သတင်း အရင်းအမြစ် kbizoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T