ဆုနဒီစိုးဟာဆိုရင် တောင်ကိုရီးယားမှာ ပထမဦးဆုံး ကေပေါ့ အိုင်ဒေါ ခေါင်းဆောင်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ မြန်မာနိုင်ငံသူလေး ဖြစ်ပါတယ်။ ဆုနဒီစိုးဟာ WinnerZone Entertainment နဲ့ စာချုပ်ချုပ်ထားတဲ့သူဖြစ်ပြီး Rumble-G အဖွဲ့ ခေါင်းဆောင်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။

အနုပညာနာမည်ကို တောင်ကိုရီးယားနာမည် DiDi (디디) အဖြစ်နဲ့ ပွဲဦးထွက်လာခဲ့တဲ့ ဆုနဒီစိုးဟာ တောင်ကိုရီးယားရဲ့ ပထမဦးဆုံး မြန်မာလူမျိုး ကေပေါ့အိုင်ဒေါအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Rumble-G အဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ မှာ "Roopretelcham" ဆိုတဲ့ သီချင်းနဲ့ ပွဲဦးထွက်လာခဲ့တဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် ၄ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ Rumble-G အဖွဲ့ရဲ့ အဖွဲ့ခေါင်ဆောင် မြန်မာမလေး ဆုနဒီစိုးဟာ တောင်ကိုရီးယားတက္ကသိုလ်မှာ Media Arts ဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့သူဖြစ်ပါတယ်။ သူမက TOPIK စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။


DiDi က ကိုရီးယားနဲ့အင်္ဂလိပ် ဘာသာစကားနှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့သူလေးဖြစ်ပြီး အဆိုပညာမှာရော အကပညာမှာပါ ထူးချွန်တဲ့သူဖြစ်ပါတယ်။ သူမရဲ့ အသက်က လက်ရှိမှာ ၂၄ နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။


တောင်ကိုရီးယားနိုင်ငံမှာ ပထမဦးဆုံး ကေပေါ့အိုင်ဒေါအဖြစ်ရပ်တည်နေတဲ့ မြန်မာမလေး ဆုနဒီစိုးအကြောင်းကို ဂုဏ်ယူစွာနဲ့ဖော်ပြပေးလိုက်ပါတယ်။ Rumble-G ရဲ့ ပွဲဦးထွက်ဗီဒီယိုလေးကို အောက်မှာ ဝင်ရောက်အားပေးနိုင်ပါတယ်နော်။





